"ကိုယ်က ဘယ်မှာညာနေလို့လဲ မနေ့ညက ကိုယ့်ကို ယောင်းငယ်တကယ်လုပ်တာပါ မယုံရင်ဒီမှာကြည့်"

ဟုဆိုကာ အပေါ်ထပ်ကိုချွတ်ပြလေသည်။

"အားးးးးးး မကြည့်ဘူး မကြည့်ဘူး ခင်ဗျားဘယ်လိုဖြစ်နေတာလဲ မရှက်ဘူးလား 😣"

ဟုမျက်လုံးနှစ်ဖက်ကို လက်ဖြင့်အုပ်ကာအော်လေတော့သည်။

"ဪ ‌ခင်ဗျားလေးက မယုံဘူးဆိုလို့ ပြတာလေ ရှက်စရာလား"

"ဟာ ခင်ဗျားမရှက်လည်း ကျုပ်ရှက်တယ် ပြန်ဝတ်ဗျာ"

"ပြန်ဝတ်ရအောင် ကိုယ်ကဘယ်မှာချွတ်နေလို့လဲ"

"😦 ဟင် စောနက ခင်ဗျားပဲ......"

ဟုဆိုကာ လက်ချောင်းကြားလေးထဲကနေ ကြည့်လိုက်တော့ အပေါ်ထပ်သာ ချွတ်ထားသော Jennie Kim။

"😡 Jennie Kim ခင်ဗျားက ကျုပ်ကို နောက်တယ်ပေါ့လေ"

"အယ် မနောက်ပါဘူး နောက်စရာလား"

"ဒါဆို ဘာလို့....."

"ဪ အဲဒါက ဒီမှာလေ"

ဟုဆိုကာ ပုခုံးကိုမြင်ရအောင် အကျ္ီ်် ကိုအောက်သို့အနည်းငယ်လျှော ပြလိုက်တော့။
ဟူးးးးးး ဘာတေွများချွတ်ပြမှာလဲလို့ တော်သေးတာပေါ့ ကိုယ်ထင်လိုက်တာက 😌။

"တွေ့လား"

"ဟင် အဲ့တာဘာဖြစ်တာလဲ"

"ဪ မနေ့ညက‌ ခွေးပေါက်‌ေလးကိုက်ခံရတာ‌ေလ"

"ခွေးကိုက်တာ အဲ့လိုဟုတ်လို့လား 🤔"

"ဟုတ်တယ် အဲ့ခွေးလေးနာမည်က ပတ်ချယ်‌ေ‌ယာင်းတဲ့"

"ပတ်ချယ်... 🤔 yaa!  လူကိုများခွေးလေးဘာလေးနဲ့ ထပ်ကိုက်လိုက်ရမလား"

"မလုပ်ပါနဲ့ ဒဏ်ရာက အဲ့နားတင်မဟုတ်ဘူး ဗိုက်မှာကျန်သေးတယ်"

"ဗိုက်မှာ! ဟောတော် ဒဏ်ရာတွေကလည်းများလိုက်တာ ဟုတ်ကောဟုတ်ရဲ့လား"

"ဘာလို့မဟုတ်ရမှာလဲ ရှင်လေးကို အဝတ်အစားလဲပေးတုန်းကလေ"

အဝတ်စားလဲပေးတုန်းက ဆိုတဲ့စကားကြောင့် မျက်နှာတစ်ခုလုံး ပန်းရောင်သန်းလာလေသည်။

A CHANCEWhere stories live. Discover now