Arc(1.5)

4.3K 173 14
                                    

[Zawgyi]

6ပေ ကျော်ရှိသော အရပ်၊ ကောင်းကင်ကြီးလို ပြာလဲ့နေတဲ့ သိမ်းငှက်လိုမျက်လုံးတွေ၊ ကြွက်သားတွေနှင့် ချပ်ရပ်နေတဲ့ ခန္ဓာကိုယ်ဖြင့် လန်ရှင်းဝမ်က အရာရာ ပြည့်စုံနေသည်။ ဘေးက ရှင်းဖန်ကလည်း 5ပေ ကျော်သောအရပ်၊ ပိန်သွယ်သော ခန္ဓာကိုယ်၊ အနက်ရောင်မျက်လုံး ဝိုင်းဝိုင်းတွေနဲ့ လှပသော မျက်နှာလေးရှိကာ အလွန်ချစ်စရာကောင်းနေ၏။ သူ့တို့နှစ်ယောက်ရဲ့ ကွဲပြားကာ တမူထူးခြားပြီး လိုက်ဖက်နေပုံကြောင့် center ထဲရှိ လူအများ၏ မျက်လုံးတွေက သူတို့နှစ်ယောက်အပေါ်မှာသာ ကပ်ငြိနေသည်။

လန်ရှင်းဝမ်က သူ့ကိုကြည့်နေကြတဲ့ ပတ်ဝန်းကျင်ကအကြည့်တွေကို လျစ်လျူရှု့နိုင်ပေမယ့် သူ့ဘေးက အကောင်ငယ်လေးကို ဝါးစားမတတ်ကြည့်နေကြတာကိုတော့ သည်းမခံနိုင်ပေ။ လန်ရှင်းဝမ် ထိုလူတွေကို သတ်ဖြတ်တော့မတတ်အကြည့်တွေပေးလိုက်တော့မှ ခေါင်းလှည့်သွားကြတော့သည်။

ရှင်းဖန် center ထဲလျှောက်ပတ်ကြည့်နေရကာ ဘယ်ဆိုင်ကိုမှ မျက်စမပစ်ရဲပေ။ ဘာကြောင့်ဆို လွန်ခဲ့တဲ့ ၁၅မိနစ်လောက်က ဖြစ်သွားတဲ့ ကိစ္စတွေကြောင့် ဖြစ်သည်။

•••••

နောက်ကြောင်းပြန်ရစ်သော်...

ရှင်းဖန် အဝတ်အစားဆိုင်ထဲကို ဝင်သွားပြီး လိုက်ကြည့်နေမိသည်။ အပြာရောင် hoddie အင်္ကျီလေးကိုတွေ့တော့ ကြိုက်တာကြောင့် လန်ရှင်းဝမ်ဘက်ကို လှည့်လိုက်ကာမေးမည်လုပ်တော့ မြင်လိုက်ရတဲ့အရာကြောင့် သူ့မှာ စကားပင်မပြောနိုင်တော့ပေ။

အနက်ရောင်ကဒ်ကြီးကို ဝန်ထမ်းအစ်မတစ်ယောက်ကို ပေးပြီး သူကြည့်သွားတဲ့ ကိုင်သွားတဲ့ အင်္ကျီတွေကို သူဆိုဒ်ကို ပြောပြီး ဝယ်နေတာဖြစ်သည်။ ရှင်းဖန်ကြိုက်တယ်ဆိုပေမယ့် ဒီလောက်အများကြီးကိုတော့ မဝတ်နိုင်ဘူးလေ။

"ဝမ်ကော.. ဘာလို့အများကြီး ဝယ်နေတာတုန်း။"

"ကြိုက်တယ်မဟုတ်ဘူးလား?"
လန်ရှင်းဝမ် နားမလည်နိုင်စွာမေးလိုက်သည်။

"ကြိုက်တာတော့ ကြိုက်တာပေါ့။ ဒါပေမယ့် ဒီလောက်အများကြီးတော့ ကျွန်တော်က ဝတ်နိုင်ပါ့မလား နောက်ပြီး ကျွန်တော်ကြိုက်တိုင်းလည်း ခင်ဗျားက လိုက်ဝယ်မပေးနဲ့လေ။ ငွေတွေကုန်တယ်။ ခင်ဗျားက ချမ်းသာတယ်ဆိုပေမယ့် မလိုအပ်ပဲ မသုံးရဘူးလေ ဟုတ်တယ်မလား?"

You've reached the end of published parts.

⏰ Last updated: Oct 17, 2021 ⏰

Add this story to your Library to get notified about new parts!

SYSTEM 08Where stories live. Discover now