"သက်!"

"ကို"

အခန်းထဲနေထွက်လာတဲ့ဦးမင်းမဟာ မြင်ကွင်းကိုမြင်တော့

"ဒါ ဒါ ဘယ်လိုဖြစ်တာလဲ"

"သက် သက် လုပ်တာမဟုတ်ဘူးနော် သက်လုပ်တာမဟုတ်ဘူး"

"သက် စိတ်ကိုအေးအေးထားနော် ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး"

"သူ သူ သေသွားပြီးလား မသိဘူး သေသွားရင်ဘယ်လိုလုပ်မလဲ သက်ကြောက်တယ်"

"မဟုတ်တာ မသေလောက်ပါဘူး သေသွားရင်လည်းဘာမှမပူနဲ့ကိုဖြေရှင်းမယ် သက်ဘာမှမကြောက်နဲ့"

နှစ်ယောက်သားလှေကားကနေဆင်း ကြာဖြူ့နားသွားပြီး ဦးမင်းမဟာကကြာဖြူ့နှာခေါင်းဝကိုအသက်ရှုသေးလား မရှူတော့ဘူးလား စမ်းကြည့်သည်။

"အသက်ရှိသေးတယ် အသက်‌ရှုသေးတယ်"

"တော်တော်သေးတာပေါ့ အဲ့ဒါဆိုဆေးရုံပို့မယ်လေ"

"ဆေးရုံပို့လို့ဘယ်ဖြစ်မလဲ ဆေးရုံပို့လိုက်ရင်သက် ဒုက္ခရောက်မှာပေါ့"

"ဟုတ်သားဘဲ အဲ့ဒါဆိုဘယ်လိုလုပ်မလဲဟင်ကို"

"ကို့တာဝန်သာထားလိုက် ကိုဖြေရှင်းမယ်"

"ဖြစ်ပါ့မလား သက်ကြောက်တယ်"

"သက်ဘာမှမကြောက်နဲ့ ကိုဖြေရှင်းမယ် သက်အခုလုပ်ရမှာကစိတ်ကိုအေးအေးထားပြီး အပေါ်တက်ပြီးနားလိုက်ဒီနေ့ဒီအချိန်ဒီနေရာမှာသက်မရှိခဲ့ဘူး အခန်းထဲမှာအိပ်နေခဲ့တာ ဟုတ်ပြီနော်"

"ဟုတ် ဟုတ်"

"သက် သက်လက်က"

"အာ ခုနကအစက်စင်သွားတာ"

"ဘယ်လိုလုပ်မလဲ သက်လက်လှလှလေးကို"

"ရပါတယ် ကိုရယ် ဆေးထည့်လိုက်မယ်"

"သက်အပေါ်တက်ပြီးဆေးထည့်တော့ ဒါကို ကိုရှင်းလိုက်မယ်နော်"

"ဟုတ် ကို ဒါဆိုသက်သွားမယ်နော်"

"အင်း သက်"

ဒေါ်နှင်းသက်မှုန် အပေါ်တက်သွားပြီးနောက် ဦးမင်းမဟာသူ့လက်ထောက်ကိုဖုန်းဆက်လိုက်သည်။

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now