"ကိုကို ထတော့ ညစာသွားစားတော့မယ် "

"ကိုကို့ကလေးလေး စိတ်ဆိုးပြေသွားပြီလာဟင် "

မျှော်လင့်ချက်အပြည့်​နဲ့ မျက်ဝန်းတွေကြောင့်
ရှောင်းကျန့်လေးပိုပြီး စိတ်မကောင်း ဖြစ်သွား​ရပြီ

"ကျနော်နည်းနည်း လွန်သွားတယ်ကိုကို သွေ့ပုချိ ဒီအဆိုးလေးကို အပြစ်ပေးပါ အင့် "

ဘာကိုလွန်သွားကြောင်းပြောနေတာနားမလည်ပေမယ့် အပြစ်ပေးပါဆိုပြီး နှုတ်ခမ်းလေးဆူပေးတဲ့ ကလေးပိစိကို ဆူမင်
အသည်းတွေရော အူတွေရော အကုန်ယားနေပြီ ခါးသေးသေးလေးက​နေ ဆွဲယူပြီး
ဆူပေးထားတဲ့ နှုတ်ခမ်းလေးကို
တစ်လွှာချင်းစုပ်ယူတော့
အရှက်သည်းတဲ့ ကလေးပိစိက ရင်ဘတ်ကိုအသာတွန်းကာ

"တော်.... တော်ပြီလေ "တဲ့

......

နောက်နေ့တွေမှာတော့ ရှောင်းကျန့်လေးမအားပါဘူး ယူဂျယ်မင်းကို ဆေးရုံပြောင်းရွှေ့ပေးပြီး ယုံကြည်ရတဲ့ ဆရာဝန်ကိုလည်းသေချာရွေးပေးထားတယ်
အရင်ယူဂျယ်မင်းကို တာဝန်ယူတဲ့ ဆရာဝန်ကိုတော့ ကိုကိုဆူမင်ရဲ့နာမည်နဲ့
အလုပ်ထုတ်ခံရစေတယ်
အသပြာဆရာတွေကြောင့် နောက်လူနာတွေ ထိခိုက်စေမှာမျိုးမလိုလားဘူး
ကိုကိုဆူမင်နာမည်က နေရာတကာ သုံးလို့ရနေတဲ့ အကြောင်းကတော့ ​
ကိုကိုက ဝန်ကြီးချုပ်ရဲ့သားတဲ့ ရှောင်းကျန့်လည်း သိတာသိပ်မကြာသေးဘူး

mission အတွက်က စိတ်ပူစရာမရှိတော့ပါဘူး ခုတောင် mission percentတွေက အလိုလိုတက်နေတာ
ယူဂျယ်မင်းအကောင်းပကတိအတိုင်းဖြစ်လာတာနဲ့ %ပြည့်ပြီ
သူ့အသက်ကို ​ကယ်ပေးတာထက်ပိုကောင်းတဲ့ အနိုင်ယူခြင်းမျိုးမှမရှိတော့တာ
နောက်ပြီး အဒေါ်သေဆုံးတဲ့ ကာလကလည်း ကျော်သွားခဲ့ပြီ
အဒေါ်မသေစေဖို့ missionအတွက် percentကလည်း ပြည့်ပြီးနေပြီ
မမဆောလီကို မချစ်မိဖို့ percentက အစောတည်းက အလကားလိုလိုရထားတာ

သာယာနေတဲ့ ရှောင်းကျန့်လေးဟာ အခုလည်း ကျောင်းမတက်ဘဲ ကိုကို့ရုံးခန်းထဲမှာ
အလုပ်လုပ်နေတဲ့ ကိုကိုနဲ့ မမဆောလီကို ကြည့်လိုက် ဖုန်းထဲ gameဆော့လိုက်နဲ့ ပျင်းလာရပြီ
ဟုတ်သား ခုမှ အကြံရတယ် ကိုကို့ကိုစိတ်ကောက်ဖို့ part 2ကျန်သေးတာပဲ

ဆန်းဆန်းကြီး systemWhere stories live. Discover now