အရက်ပြင်းပြင်းရဲ့အနံ့နဲ့အတူ အနည်းငယ်
ရီဝေနေသည့်အသံဖြင့်နှုတ်ဆက်လာတဲ့ ဂုဏ်
ကို ဦးစိုင်း မယုံနိုင်စွာငေးကြည့်နေမိသည်။
သားဖြစ်သူကိုအခုလိုပုံစံနဲ့မြင်လိုက်ရတဲ့ ဦး
စိုင်း အတွက်ကမ္ဘာပျက်မတက်ပင်။

" ဂုဏ်ရှိုန်သွေး....မင်း အသိစိတ်ကပ်စမ်း!!..
မင်းအခုလိုဖြစ်နေတဲ့အကြောင်းပြချက်က
ယောက်ျားတစ်ယောက်အတွက်လား...ဟမ်
ဖြေစမ်း "

" ဟား...ဟား...ဥက္ကဌကြီး ဦးစိုင်း ကတော့ မ
သိတာကိုမရှိပါလား.....အခုရော ဖေဖေ ဘာ
ဖြစ်ချင်ပြန်ပြီလဲ... ဟင် "

ဂုဏ့် ကိုကာရံထားသည့်ချစ်ခြင်းမေတ္တာဆို
တဲ့လှောင်အိမ်ကြီးကို ဂုဏ် မုန်းနေပြီ ။

" ဂုဏ်ရှိုန်သွေး!!!. ..မင်းကိုယ်မင်း သာမာန်
လူလို့ထင်နေလား...ဟမ်...မင်းလက်အောက်
က မင်းကိုယုံကြည်ပြီး အလုပ်လုပ်နေတဲ့ လူ
ပေါင်းထောင်ကျော်တွေကို ထည့်စဥ်းစား
ကြည့်စမ်း "

တခြားလူအတွက်စဥ်းစားပါတဲ့လား...။
ဒါဆို ဂုဏ့် ပျော်ရွှင်မှုအတွက်ကျတော့ဘယ်
သူကစဥ်းစားပေးမှာလဲ ။

" ကျွန်တော်က သာမာန်လူဆို သူနဲ့ဖြစ်နိုင်
မလားကျွန်တော်ကသာမာန် လူဆိုရင် သူ
ရွေးချယ်တဲ့သူက ကျွန်တော်ဖြစ်လာမလား
အဲ့တာဆို ဖေဖေ ဒီရာထူးတွေ ဒီစည်းစိမ်တွေ
အားလုံး သူတစ်ယောက်တည်းအတွက် ကျွန်
တော် လဲပစ်နိုင်တယ်....ကျွန်တော့် အတွက်
သူတစ်ယောက်တည်းလိုအပ်တာ.......သူတစ်
ယောက်တည်းပါ...."

တစ်ကိုယ်တည်းရေရွတ်ရင်း မျက်ရည်တွေ
ကျနေသည့် သားဖြစ်သူကို ဦးစိုင်း မှင်သက်
စွာငေးကြည့်နေမိသည် ။ ကမ္ဘာလည့်ပြီးပညာ
တွေသင်ခဲ့တယ် ။ ချောပေ့ လှပေ့ ဆိုတဲ့မိန်း
ကလေးတွေနဲ့တွဲတယ် ဒါပေမယ့် အခုလိုကျ
ရှုံးနေတဲ့ပုံစံမျိုး သား မှာမရှိခဲ့ဖူးဘူး ။

နှလုံးသားနဲ့ရင်းပြီးချစ်မိတဲ့သူက ကောင်
လေးတစ်ယောက်....ပြီးတော့ ထိုကောင်
လေး ကလည်းပိုင်ဆိုင်သူရှိပြီးသား...... ။
ဦးစိုင်း သားကိုဘယ်လိုလုပ်ပေးရမလဲမစဥ်း
စားတတ်တော့....။ သား ကိုအခုလိုအဖြစ်မျိုး
လုံးဝအဖြစ်မခံနိုင်တာက ဖခင်မေတ္တာစိတ်
ကြောင့်သာ ။

💞 Eternal Love 💞 { Completed }Where stories live. Discover now