ရှိုင်းစေ လက်ကိုအမိအရဖမ်းဆွဲထားလိုက်
တော့ ဟိုကောင်လေးမျက်နှာက ငါးပူတင်း
လေးလိုစူဖောင်းလာသည် ။

" ဒီဦးလေးကြီးနဲ့မသွားချင်လို့ပေါ့ အသက်
ကကြီးနေပြီ ကျွန်တော်တို့နောက်ဘာလို့
ခေါ်ရမှာလဲ ။ ရှိုင်းပေါက် ကိုခေါ်သွားမှာဘဲ
နောက်မှ ကျွန်တော် အကိုမာန် ကိုဖုန်းဆက်
လိုက်မယ် "

ပိုးပြည့်စုံ ဆိုတဲ့သူကရှေ့မှာကာစီးကာစီး
လာလုပ်ရင်သေအောင်မုန်းတာပါဆို...။
ရှိုင်းပေါက် လက်ကိုခပ်တင်းတင်းပြန်ဆွဲ
လိုက်ပြီး ဟိုဘက်ကဦးလေးကြီးရဲ့လက်ကို
လည်းရိုက်ချပစ်လိုက်သည် ။ ပြီးတာနဲ့
ရှိုင်းပေါက် ပုခုံးပေါ်လက်တင်ပြီးကျောင်း
ပြင်ကိုတွန်းထုတ်လာခ​ဲ့သည် ။

" ပိုးလေး ငါ လိုက်လို့မရဘူး..ကိုကို
ကစောင့်နေမှာ "

သူ့လက်ကိုအသာလေးတွန်းချပြီး ခပ်တောင့်
တောင့်လေးငြင်းဆိုလာတဲ့ ရှိုင်းပေါက်
ကြောင့် ပိုးပြည့်စုံ မျက်နှာလေးရှုံ့မဲ့သွားရ
သည် ။

" ဟမ်...မင်းကလဲကွာ...ငါ အကိုမာန့် ကို..."

သူ့စကားသံတွေမကြားရတော့တဲ့ထိကျယ်
လောင်တဲ့ကားသံနဲ့ အနက်ရောင် Sport
car တစ်စီးက ပိုးလေး တို့ရှေ့မှာထိုးရပ်
လာသည် ။ ပိုးလေး တို့ကဒီလိုကားမျိုးဆို
သိပ်သိပ်ကြိုက်...။

" ကလေးငယ်...ကိုယ်နဲ့လိုက်ခဲ့ "

အမလေး...သူ့ခမျာကောင်းကောင်းတောင်
မငမ်းရသေးဘူးကားပေါ်ကဆင်းလာတဲ့
လူက ရှိုင်းပေါက် လက်တစ်ဖက်ကိုဆွဲကိုင်
လိုက်တာကြောင့် ပိုးလေး ခမျာလန့်ဖြန့်ပြီး
ပြန်ဆွဲထားလိုက်ရသည်။

"အမလေးဗျ... ဟေ့လူ...ဘာလုပ်တာလဲ
ရှိုင်းပေါက် ကို ကျွန်တော် အရင်ဦးထား
တာ...ခင်ဗျား သူ့ကိုခေါ်သွားချင်ရင်ကြို
ပြီးရက်ချိန်းယူထားပါလားလို့.... "

ကလေးငယ် နဲ့ရွယ်တူကောင်လေးကို ဂုဏ်
အကြည့်တစ်ချက်မျှစွန့်ကြဲပြီးနောက်ထပ်
မကြည့်ဖြစ်တော့....။ အခုချက်ချင်း ကလေး
ငယ်ကိုခေါ်မသွားနိုင်ရင်နောက်ထပ်အခွင့်
ေရးရှိတော့မှာမဟုတ်ဘူး ။

💞 Eternal Love 💞 { Completed }Where stories live. Discover now