"ဝိုး....တကယ်ကြီးpageမှာပလူပျံနေတာဘဲ..."

gameဆော့နေရင်းကနေဝင်ပြောလာတဲ့တိမ်ယံ။

#Defeat#. ..ဆိုသောအသံလေးနှင့်အတူgameလေးကbye byeပြသွားလေပြီ။

#အားး!!!!. ..ငါ့ကြယ်တွေ#

အောင်မြင်လှသောအသံကြီးကတစ်တိုက်လုံးဟိန်းထွက်သွားသည်။

"ကိုကို..အိပ်မယ်..."

"ဝါး....အင်း..အင်း"

အိပ်ချင်မူးတူးနဲ့ခေါင်းလေး
တစ်ဆတ်ဆတ်ငြိမ့်နေတဲ့ကိုကိုကတစ်ကယ့်အသည်းယားစရာလေး။
နာရီကိုတစ်ချက်ကြည့်မိတော့..12း00
မျက်စိလေးတွေမှေးစင်းနေတဲ့ကိုကို့
ကိုပွေ့ချီလိုက်တော့ကလေးလေးလို
အာဏာရဲ့ခါးတစ်ဝိုက်ကိုခြေထောက်
တွေတွယ်ချိတ်လာသည်။

ပွေ့ချီရက်လေးအိပ်ပျော်သွားတဲ့
ကိုကို့ရဲ့နှာခေါင်းလုံးလုံးလေးနဲ့
နှုတ်ခမ်းလေးကိုအကြိမ်ရေတစ်ချို့
ဖိကပ်နမ်းလိုက်သည်။
ကိုကိုကတော့အင်း..အင်း.အဲ..အဲ.
အသံလေးတွေသာထွက်လာပြီး
အိပ်ပျော်သွားပြန်သည်။
အခန်းထဲရောက်တော့မွေ့ရာအိအိပေါ်
ချလိုက်ရင်းစောင်ပါးပါးတစ်ထည်ကို
ခြုံပေးလိုက်၏။
ပြီးတော့မှဘေးနားမှာဝင်လှဲလိုက်ရင်း
နဖူးလေးကို နမ်းကာ

"Good night ပါမောင့်အချစ်..."

ညတာရှည်လျားသော်လည်းအိပ်မက်တွေကတော့လှပခဲ့ပါသည်။

****************
******************

"အန်တီ...ဝက်ချိုချဉ်...​ကြက်ကုန်းဘောင်..ပုစွန်ကင်... ကန်စွန်းပလိန်း...
ငါးကင်..အဲ့တာတွေတစ်ပွဲစီနော်
ပြီးတော့ထမင်းဖြူက လေးပွဲ....
ဘာမှာဉီးမလဲ......."

"Cola. .​ေလးဘူး..ပြီးတော့...."

"တော်ပါတော့ဆက်ရာ.....imageပျက်တယ်.."

Menu စာရင်းမှတ်နေတဲ့အဒေါ်ကြီးကတော့ပြုံးချိုနေသလောက်ဘေးဝိုင်းကကောင်မလေးတွေကတော့ပါးစပ်
အဝိုင်းသားနှင့်...။
ဆက်နဲ့koichiကအရှက်ပြေချောင်းဟမ့်လိုက်ရင်း..

"အဟမ်း.. အဟမ်း... အန်တီ
လောလောဆယ်တော့ဒါဘဲပေးပါ..."

ဆက်ရဲ့စကားကြောင့်တိမ်ယံမှာသွေးပင်တက်ချင်သွားသည်။အန်တီကြီးကတော့ခပ်သွက်သွက်လုပ်ပေးရန်ထွက်သွားလေပြီ။

Rebirth for (BL) (completed) Hikayelerin yaşadığı yer. Şimdi keşfedin