Mae: အမလေး ဟုတ်ပါပီရှင်
Maeနဲ့Ohmပြောနေတာကို တိုင်ကွယ်ကနေ ချောင်းပီးနားထောင်နေတဲ့Flukeကတော့မျက်ရည်များကျနေလေသည်။
Fluke: ကိုကိုကကျွန်တော့်ကိုတော့မလွမ်းဘဲ ချစ်သူတော့ထားနေတယ်ပေါ့လေ ကိုကိုမတရားဘူး
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
Flukeဒီနေ့ကျောင်းမှာမှိုင်နေလေသည်။
Earth: ဟေ့ကောင် Fluke မင်းဘာဖြစ်နေတာလဲ ဆရာမစာသင်တာအာရုံစိုက်လေ
Earthဆိုတာ Flukeရဲ့ရှားရှားပါးပါးရထားတဲ့သူငယ်ချင်းကောင်လေးဖြစ်သည်။တစ်ကျောင်းလုံးကFlukeကိုဆိုးလွန်းလို့ဘယ်သူမှမပေါင်းချင်ကြပေ။
Earthကနုနုရွရွနဲ့နေတတ်တဲ့ကောင်လေးတစ်ယောက်လေ။Earthကျောင်းပြောင်းလာတော့ ကျောင်းကကောင်တွေကEarthကိုဝိုင်းပီးအနိုင်ကျင့်တာကို Flukeဝင်ကူညီရင်းနဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပါ။
Fluke: အေးပါ ငါအာရုံစိုက်နေပါတယ်ကွ
Teacher: ဒီနေ့တော့ဒီလောက်ဘဲနော်
ဆရာမထွက်သွားတော့ Earth Flukeရဲ့ပုခုံးကိုပုတ်လိုက်ကာ
Earth: မင်းဘာဖြစ်နေတာလဲ
Fluke: ငါရင်ထဲမကောင်းလို့ပါ
Erath: ဟင် ဟုတ်လား ဆေးခန်းသွားမလား
ငါလိုက်ပို့မယ်လေ
Fluke: ဆေးခန်းသွားလဲကုမရဘူးကွ ငါပြောချင်တာက ငါစိတ်မကောင်းဖြစ်နေတာလို့ပြောနေတာ
Earth: အော် အဲ့လိုလား ပြောစမ်းပါအုံး ဘာတွေစိတ်မကောင်းဖြစ်နေတာလဲ
Fluke: ကိုကိုက ချစ်သူရနေပီထင်တယ်
Earth: မင်းရဲ့နိုင်ငံခြားကကိုကိုလား
Fluke: အင်း ဟုတ်တယ်
Earth: မင်းပြောတော့ မင်းကိုကို ကိုမုန်းတယ်ဆို
Fluke: ငါတကယ်တော့မုန်းလို့မရပါဘူးကွာ
Earth: သူလဲကျောင်းတောင်ပီးတော့မယ်လေကွာ ချစ်သူထားတာဘာဆန်းလို့လဲ
Fluke: ငါမထားစေချင်ဘူးလေကွာ
Earth: ဒါဆိုလဲမင်းသူ့ကိုတိုက်ရိုက်ပြောလိုက်လေ
Fluke: ငါ ငါမပြောရဲဘူး
Earth: ဘာလို့လဲ မင်းကိုကိုကမင်းကိုချစ်တယ်မလား
Fluke: ချစ်တာတော့ချစ်ပါတယ် ဒါပေမယ့်ငါမပြောရဲဘူး ငါကိုကိုနဲ့စကားမပြောတာ ကိုကိုနိုင်ငံခြားကိုထွက်သွားကထဲကလေ အဲ့တော့ငါမပြောရဲတော့ဘူး
Earth: မင်းကလဲ ကိုယ့်ရဲ့အကိုဘဲဟာကို ပြောကြည့်ပေါ့
Flukeလဲသက်ပြင်းချလိုက်ကာ
Fluke: ဟူးးးးးးးးငါပြောဖို့ကြိုးစားကြည့်မယ်ကွာ
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
Flukeကျောင်းကနေပြန်လာတော့ Maeနဲ့Porသူ့အကြောင်းကိုပြောနေသံကြားရသဖြင့် Flukeအိမ်ထဲမဝင်သေးဘဲ တံခါးအကွယ်ကနေ နားထောင်နေလေသည်။
Mae: သားလေးကို ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ ကျွန်မတို့သူ့ကိုတကယ်မနိုင်တော့ဘူးနော်
Por: အင်း တကယ်တော့သားလေးကလိမ္မာပါတယ် သူ့စိတ်ထဲဒဏ်ရာရနေလို့ပါ
Mae: သူကျွန်မတို့ကိုခုတောင်စိမ်းကားနေတာ သူသာကျွန်မတို့ရဲ့သားအရင်းမဟုတ်ဘူးဆိုတာကိုသာသိသွားပီး ကျွန်မတို့ကိုထားခဲ့ရင်တော့ကျွန်မရင်ကျိုးရတော့မှာဘဲ
Por: ဟုတ်တယ် သားလေးသိသွားလို့မဖြစ်ဘူး
Fluke: ဒါဆိုသားကPorနဲ့Maeရဲ့ သားအရင်းမဟုတ်ဘူးပေါ့
တံခါးဝကကြားလိုက်ရတဲ့အသံ
ကြောင့်Maeနဲ့Porအလန့်တကြားလှည့်ကြည့်လိုက်ကြလေသည်။တံခါးဝမှာရပ်နေတဲ့Flukeကတော့မျက်ရည်များကျလျှက်ပေါ့။
Por: သားလေး သားလေး စိတ်ကိုလျှော့ထားနော် သားကိုPorနဲ့Maeက သားအရင်းလေးလိုချစ်ခဲ့တာပါ
Mae: ဟုတ်ပါတယ်သားရယ် Maeတို့ကိုစိတ်မဆိုးပါနဲ့နော်
Fluke: ဒါဆို ကိုကိုကလဲသားရဲ့ကိုကိုအရင်းမဟုတ်ဘူးပေါ့ ဟာ ဘာတွေလဲ ဘယ်လိုတွေဖြစ်ကုန်တာလဲ
Flukeအော်ဟစ်ကာ အိမ်ပြင်သို့ပြန်ပြေးထွက်သွားလေသည်။
Por: သားလေး
Mae: သားလေး Maeတို့ဆီပြန်လာပါသားရယ် သားလေး
Porနဲ့Maeဘယ်လောက်ဘဲအော်ခေါ်နေပါစေ Flukeတစ်ယောက်ကတော့မျက်ရည်များနဲ့လှည့်မကြည့်ဘဲပြေးထွက်လာခဲ့လေတော့သည်။
YOU ARE READING
ကလေးရဲ့ကိုကို
Fanfictionသူချစ်နေတဲ့အချစ်ကိုလက်မခံနိုင်ဘဲငြင်းပယ်နေတဲ့ကောင်လေးနဲ့ ထိုကောင်လေးကိုရူးရူးမူးမူးချစ်နေမိတဲ့ကောင်လေးတစ်ယောက်အကြောင်း။
Part 7 (Unicode)
Start from the beginning
