ဒေါ်စိုးနန်းစံ စကားပင်မပြောနိုင်လောက်
အောင်စွံ့အနေစဥ်ရုံးခန်းထဲကို သော်နန်းစံ
ကဖုန်းကိုင်ပြီးပြေးဝင်လာခ​ဲ့သည်။

" မေမေ....စက်ရုံမှာပြဿနာတွေဖြစ်နေပြီ
ပြီးတော့......"

သော်နန်းစံ စကားမဆုံးခင်မှာဘဲ မအေ
ဖြစ်သူကရုံးခန်းအပြင်ကိုဆွဲထုတ်သွားခဲ့
သည် ။ မအေ ဖြစ်သူကဘာတွေတွေးနေ
လဲသူ မစဥ်းစားတတ်တော့...။

" သော်လေး....ဘယ်လိုနည်းဘဲသုံးရသုံးရ
ဂုဏ်ရှိုန်သွေး ကို မေမေတို့ဘက်ပါအောင်
လုပ်မှရတော့မယ်...သမီး အကိုကိစ္စမှာ ဂုဏ်
ရှိုန်သွေးကအဓိကပါဝင်နေတာ...အဲ့တာ
ကြောင့်လေ သူဘာဘဲလိုချင်လိုချင် သမီး
ကဖြည့်ဆည်းပေးရမယ်...ကြားလား.."

လမ်းတစ်လျှောက်စကားပြောလာတဲ့
ဒေါ်စိုးနန်းစံက သမီးဖြစ်သူကိုကားပေါ်
တွန်းတင်လိုက်ပြီးတာနဲ့ သူမကိုယ်တိုင်
လည်းကားမောင်းသူ နေရာကိုဝင်ထိုင်လိုက်
သည် ။

" မေမေ အဲ့တာက ဘာစကားပြောတာလဲ
ဂုဏ့် ကိုဘာဘဲဖြစ်ဖြစ်ဖြည့်ဆည်းပေးတဲ့
လား..."

" သမီးအတွက်အရှုံးမရှိပါဘူး...ဒီအမေက
သမီးနစ်နာအောင်လုပ်ပါ့မလား...G & S
company ကိုမြန်မြန်သွားရအောင် "

ဂုဏ်ရှိုန်သွေး ရဲ့ Company လို့ပြောလာ
တာကြောင့် သော်နန်းစံ အမေဖြစ်သူကို
လှမ်းကြည့်ပြီး သက်ပြင်းဖွဖွချမိလိုက်
သည်။ နောက်ဆုံးတော့ မေမေ့ရဲ့ထိုး
ကျွေးရာက သူကိုယ်တိုင်ဖြစ်လာခ​ဲ့ပြီထင်
ပါရဲ့......။

" မေမေ...အထည်စက်ရုံကိုအကြွေးနဲ့လာ
သိမ်းတယ်ဆိုလို့ စက်ရုံမှာပြဿနာဖြစ်နေ
တယ်တဲ့ ။ အလုပ်သမားတွေကလဲ လုပ်
အားခရှင်းပေးဖို့ပြောနေကြပြီ ။ ဘာတွေ
ဖြစ်နေတာလဲ... နောက်စက်ရုံတစ်ခုကလဲ
လည်ပတ်ဖို့ခက်ခဲနေပြီ..."

သမီးဖြစ်သူရဲ့စကားကြောင့် ကားမောင်း
နေတဲ့ ဒေါ်စိုးနန်းစံ လက်တွေတုန်ယင်သွား
ခဲ့သည် ။ အသုံးအဖြုန်းကြီးတဲ့ သားနဲ့သမီး
အပြင် သူမကိုယ်တိုင်ကပါ လောင်းကစား
စွဲလာတာကြောင့် လုပ်ငန်းမှာတော်တော်
ထိခိုက်လာသည် ။

ဒါကြောင့်လဲ သော်နန်းစံ ကို ဂုဏ်ရှိုန်သွေး
နဲ့အမြန်နီးစပ်စေချင်နေတာပင် ။ ဂုဏ်ရှိုန်
သွေး နဲ့နီးစပ်အောင်ပင်မလုပ်နိုင်သေး သူမ
တို့မှာကံဆိုးမိုးမှောင်ကျနေချေပြီ။

💞 Eternal Love 💞 { Completed }Where stories live. Discover now