" ဘယ်လိုဖြစ်တာလဲ... "

သံတိုင်တွေကိုဆုပ်ကိုင်ထားတဲ့ နေစစ် ရဲ့
လက်တွေကဒေါသကြောင့်တုန်ရင်နေသည် ။

" ထောက်ချောက်ဆင်ခံရတာ မေမေ..တိုင်
တဲ့လူနဲ့အမှုလုပ်ထားတဲ့လူနဲ့တစ်ယောက်
တည်းဖြစ်နိုင်တယ်...မေမေ အမှုပိတ်ပေးဖို့
သွားပြောပေးပါနော်....ငွေတောင်းရင်လဲ
ပေးလိုက်ဗျာ..."

" အေး...အေး...မေမေ အခုစုံစမ်းပြီး..အခု
ဘဲသွားပြောပေးမယ်..."

ဒေါ်စိုးနန်းစံ အချုပ်ခန်းထဲကပြန်ပြေး
ထွက်လာပြီးနောက် စခန်းမူးရှိရာကိုသွား
ရပြန်သည်။ အလုပ်ရှိနေလို့မတွေ့အားဘူး
ဆိုပြီးအတွေ့မခံတဲ့ စခန်းမှူးကို ဒေါ်စိုးနန်းစံ
ညနေ နေဝင်တဲ့အချိန်ထိစောင့်ခဲ့ရသည် ။

ထိုအချိန် သော်နန်းစံ ဘက်မှာလည်းအခြေ
နေကအကောင်းတိုင်းရှိမနေခဲ့ပေ ။ မအေ
ဖြစ်သူဆီဖုန်းဆက်မရတော့ တစ်ဖက်လူ
ရဲ့ဖုန်းတွေက သော်နန်းစံ ကိုဆက်သွယ်
လာပြီးဖြေရှင်းချက်တွေပေးခိုင်းနေချေပြီ ။

" ဒေါ်စိုးနန်းစံ....ဝင်တွေ့လို့ရပြီ "

မှောင်ရီပျိုးစအချိန်ကျမှ ဒေါ်စိုးနန်းစံ
စခန်းမှူးရုံးခန်းထဲကိုဝင်ခွင့်ရခဲ့သည် ။
ဒေါ်စိုးနန်းစံ ကိုတစ်ချက်သာမော့ကြည့်ပြီး
စားပွဲပေါ်ကဖိုင်တွေကို တဖျတ်ဖျတ်လှန်နေ
တဲ့စခန်းမှူးက သူမကိုမတတ်သာလို့ဝင်
ခွင့်ပေးလိုက်ရတဲ့ပုံစံဖြင့်.....။

" ဒေါ်စိုးနန်းစံ ဟုတ်လား "

" ဟုတ်ကဲ့...ဆရာ ဆေးမှုနဲ့ရောက်လာတဲ့
အဖွဲ့ထဲက နေစစ် ရဲ့အုပ်ထိန်းသူပါ ဒီအမှု
ကိုဘယ်သူဖွင့်ထားတာလဲသိချင်လို့..အဲ့တာ "

" ခင်ဗျား..အနားတောင်ကပ်နိုင်မှာမဟုတ်
တဲ့လူတစ်ယောက်ဘဲ..အဲ့တာတောင်သိချင်
သေးလား "

" ဟုတ်ကဲ့ "

စခန်းမှူး ဆိုသူက သူမကိုအထင်သေး
တဲ့မျက်လုံးတွေဖြင့်စိုက်ကြည့်ပြီးမှ လက်
ထဲကဖိုင်တွဲတစ်ခုကို သူမရှေ့ချပေးလာ
သည် ။

" G & S ဥက္ကဋ္ဌ ဂုဏ်ရှိုန်သွေး.. "

" ဟုတ်တယ်... ခင်ဗျား သားကိုဒီထဲရောက်
အောင်လုပ်လိုက်တဲ့သူက ဂုဏ်ရှိန်သွေး ဘဲ "

💞 Eternal Love 💞 { Completed }Where stories live. Discover now