ညောင်းရင် သူလာပြီး ဇက်ကြောဆွဲပေးလိမ့်မည်။
တစ်ခါတလေ ထည်လင်းစဉ်းစားမိပါသည်။လောက၏စည်းစိမ်ဆိုတာ ထိုအရာများလားလို့ပါပင် ။
မည်သို့ပင်ဖြစ်စေ ထည်လင်းအတွက်ကတော့ အနိုင်ကျင့်သည်ဆိုဆို ဘာဆိုဆို သူ့ကိုအမြဲအနိုင်ရနေခြင်းနှင့် သူ့ဆီက ပြည့့်နှက်နေသော ချစ်ခြင်းတွေကို အပိုင်ရမိခြင်းက  ဘဝမှာအကြီးမားဆုံးကံကောင်းမှုဖြစ်သည်ဟူ၍ထင်မိပါ၏။

ကြည်လင်ရွှင်ပျသော မျက်နှာလေးအားကြည့်ရင်း မဟော့်နှလုံးသည်းပွတ်မှ အပျော်တွေစိမ့်လာမိသည်။အချိန်တိုင်း သူပြုံးပျော်နေတာကိုသာ မြင်လိုပါသည်လေ။

နေ့စဉ်မှတ်တမ်းတွေက ထူထဲသထက်ထူထဲလာတတ်သလို  သူ့အပြုံးတွေကလည်း ထပ်ပြီးရင်းထပ်လာကာအချိန်တိုင်းမှာ နေရာယူရင်း အပိုင်စိုးမိုးနေသည်ကိုပဲလိုချင်မိပါ၏။

*တစ်ခါတလေးများတွေးမိပါရဲ့ ဒါဟာ ကိုယ့်ရဲ့အတ္တတစ်ခုများဖြစ်နေမလားလို့လေ။*

မဟော် အလုပ်တွေပြီးသွားတော့ ည9:30သွားပေပြီ။
သူကတော့ ဖုန်းပိတ်ပြီး အိပ်ယာထက်တွင်ခွေလှဲနေပြီဖြစ်၏။မဟော် ကုတင်‌ေပါ်တက်ကာ  သူ့အနားတိုးရင်း အိပ်ပျော်မပျော် အကဲခတ်လိုက်လေ၏။သူကတော့ ရွှန်းစစမျက်ဝန်းအစုံကို ဝှက်ထားနေပြီဖြစ်၏။ဘယ်လောက်တောင်  လူလည်ကျလိုက်သလဲလေ။သေချာပြောထားပြီးကာမှ။

မဟော် တစ်ယောက် နဖူးပေါ်ညွတ်ကျနေသော ဆံပင်တွေကို လေနှင့်မှုတ်ထုတ်လိုက်၏။မထူးတော့လေ သူက အိပ်ပျော်နေပြီဆိုတော့က ကိုယ်လည်း အိပ်ရုံပဲရှိတော့သည်ပေါ့။

သူ့နဖူးပြင်လေးအား ခပ်ဖွဖွအနမ်းတစ်ချက်ခြွေချကာ
ခြေရင်းဘက်တွင်ရှိသော စောင်ကိုဆွဲကာ သူ့ကိုယ်ပေါ်လွှားလိုက်ပြီး မိမိပါ စောင်အတွင်း ဝင်ခွေရင်း သူ့ ခါးကိုဖက်ပြီး အိပ်လိုက်ရတော့၏။ဘယ်သူမြင်ခဲ့မည်နည်း။မျက်လုံးမှတ်ထားသော လူတစ်ယောက်ပြံုးစစလုပ်နေသည်ကို။

ည8နာရီလောက်ကတည်းက ဒီကောင်လေးရောက်နှင့်နေသည်။

သူ့ကိုတစ်ချက်ကြည့်မိတော့ မိမိကိုယ်အား မျက်တောင်မခတ်တမ်းကြည့်နေလေ၏။ရေချိုးရန် အင်္ကျီတောင် မည်သို့ ချွတ်ရမည်နည်းမသိတော့။ဒီကောင်လေးဟာ လူကိုအမြဲနေရခက်စေပါသည်လေ။

ချစ်သော...ဦး S(2)[Mother is Father]Where stories live. Discover now