အကြိမ်တချို့​လောက် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လိုက်ပြီးလျှင် သူကသတ္တိလေးအနည်းငယ်
စုစည်းယူလို့မောင်းတင်ပြောလိုက်တာက

“ဒါပေမယ့်...မင်းပြောတော့ ငါတို့ညစာသွားစားကြမယ်ဆို...”

ယွီချင့်ဟွမ်မှာ ​ကြောင်အမ်းသွားရ၏။

“မင်း ဗိုက်ဆာနေတာလား? ငါနောက်မှ စားစရာတခုခုဝယ်ပေးမယ်..လောလောဆယ်တော့ ဆေးရုံကို အရင် သွားရအောင်..”

သူတကိုယ်လုံး မီးလိုပူခြစ်တောက်နေတာတောင် သူကအစားစားဖို့မမေ့သေးဘူး...ဝိုး သူကတကယ့် အစားပုပ်လေးပဲ...!

“မဟုတ်ဘူး!”

​ဟော်ချွီက အမောတကောပြောလိုက်သည်။

သူက ခေါင်းကိုအကြိတ်အနယ်ခါလို့ အလေးအနက် ပြောလိုက်တာက

“ညစာ အရင်စားမယ်..”

သူက ချင့်ဟွမ်နဲ့ညစာစားဖို့ သဘောတူထားပြီးပြီ... သူ့ကိုစောင့်ဆိုင်းစေဖို့မကောင်းဘူး..

ယွီချင့်ဟွမ်, "...”

သူက ​ဟော်ချွီကို နားချသိမ်းသွင်းဖို့ ကြိုးစားနေရ၏။

“မင်း အခုနေမကောင်းဖြစ်နေတယ်.. အစားစားချင်စိတ်လဲရှိမှာမဟုတ်ဘူး..အခုချိန် ညစာသွားစားရင်တောင် အများကြီးစားနိုင်မှာ မဟုတ်ဘူး..ဒါကြောင့်..”

ယွီချင့်ဟွမ်မှ “ဆေးရုံအရင်သွားရအောင်လို့..” ဆက်မပြောရသေးခင်မှာပင် ​ဟော်ချွီက ခိုင်မာပြတ်သားစွာဖြင့် စကားစကိုဖြတ်လိုက်ကာ

“ငါ့မှာ အစားစားချင်စိတ်ရှိပါတယ်...ငါအများကြီး စားနိုင်တယ်”

ယွီချင့်ဟွမ်, “...”

ယွီချင့်ဟွမ်မှာ သူ့အားနားချသိမ်းသွင်းလို့မရ​တော့သည့်အတွက်ကြောင့် မတက်သာ​တော့ပဲ

“အိုကေ အိုကေ မင်းအများကြီးစားနိုင်တယ်..ခုပဲသွားစားရအောင်”  လို့သာပြောလိုက်နိုင်တော့၏။

သူ ထို့သိုပြောလိုက်တာကြားလိုက်တာနှင့် ​ဟော်ချွီ၏ မျက်တောင်ဖျားလေးများမှာ အတန်ငယ်တဖျပ်ဖျပ်ခတ်လို့ ရှက်ပြုံးတခုနှင့်အတူနောက်ဆုံးမှာပြုံးရွှင်သွားရတော့သည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now