ယွီချင့်ဟွမ်သူ့ကိုစိုက်ကြည့်နေကြောင်းသတိထားမိလိုက်သောအခါ မွှန်ထူလို့သွားရရင်း ​ဟော်ချွီမျက်နှာမှာ ချက်ချင်းကိုရဲတက်လာပြီး အထစ်အထစ်
ပြောလိုက်တာက

“ငါ...ငါ စိတ်လှုပ်ရှားမနေပါဘူး..”

အို ဘုရားသခင်! သူဘာတွေ ဖြစ်နေပါလိမ့်?
သူ့နှလုံးက အရမ်းကိုအခုန်မြန်နေတယ်...
ယွီချင့်ဟွမ်အား တချက်ခိုးကြည့်လိုက်ယုံနှင့် သူ့တကိုယ်လုံး ပူပြင်းတောက်လောင်လာတယ်လို့ ခံစားနေရတယ်...
သူ့...သူ့မှာများ  “ယွီချင့်ဟွမ်အား ကြည့်ရှုလို့မရပါ...” ဆိုတဲ့ ရောဂါများ ဖြစ်နေပြီလား?
ဒါပေမယ့် ချင့်ဟွမ်က သူ့ရဲ့ အကောင်းဆုံးသူငယ်ချင်းလေ..သူ သူ့ကို မကြည့်ပဲဘယ်လိုနေနိုင်မှာလဲ?

​ဟော်ချွီမှာ စိတ်တုန်လှုပ်ခြောက်ခြားစွာဖြင့် သူနှုတ်ခမ်းကိုသူ တင်းတင်းစေ့ပိတ်လို့ ငို​တော့မလိုဖြစ်နေ​ချေပြီ။

“မင်း နေမကောင်းဘူးလား?”

သူ၏မျက်နှာနီရဲရဲကိုကြည့်လို့ ယွီချင့်ဟွမ်မှာ သူဖျားများနေတာလားဟူ၍ လန့်ဖျန့်သွားတော့သည်။

ထို့ကြောင့် အနားတိုးကပ်လို့ ​ဟော်ချွီ၏နဖူးပြင်ထပ်လက်ကိုတင်လိုက်၏။ ပြီးရင်​တော့ သူဟာအပူရှိန်ကြောင့် ချက်ချင်းပဲ လန့်ဖျန့်သွားမိတော့ကာ

“မင်းဖျားနေတယ်!”

“အာ? အို..”

​ဟော်ချွီက နားဝေတိမ်တောင်ဖြင့် ခေါင်းကိုညိတ်လို့ တွေးမိလိုက်တာက

ကြည့်ရတာငါဖျားနေတာပေါ့...ဒါဖြင့် ဒီလိုထူး​ခြားဆန်းကြယ်တဲ့ခံစားချက်​တွေ ​ပေါ်လာတာအံသြစရာမဟုတ်တော့ဘူးပဲ...

“ဆေးရုံကို သွားရအောင်”

ပြောနေရင်းနှင့် ယွီချင့်ဟွမ်မှာအနီးစပ်ဆုံးဆေးရုံရှိသည့်နေရာကို ဖုန်းမြေပုံကနေဖွင့်ရှာကြည့်နေ​လေပြီ။

အဲ့ဒီအချိန်မှာပဲ ​ဟော်ချွီကသူ့လက်အားလာဆွဲ၏။

ယွီချင့်ဟွမ်နှင့်ရင်းနှီးကျွမ်းဝင်သည့်အထိအတွေ့လေးတွေရှိလာတိုင်း ​ဟော်ချွီခမျာ ယုန်တကောင် သူ့ရင်ဘတ်ထဲ ခုန်ဆွခုန်ဆွ,ကစုန်ပေါက်နေသည့်အလား.. သူ့နှလုံးသားမှာလည်မျိုတွင် တစ်ဆို့ခုန်နေသည့်အလား အသက်ရှုမဝဖြစ်​နေတော့သည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now