"အဆင်ပြေသွားတာပေါ့
သားရဲ့သူငယ်ချင်းကို ကူပေးပြီး အောက်ထပ်ဆင်းခဲ့နော်
အဒေါ် မနက်စာအတွက် ပြင်ဆင်ထားလိုက်မယ် "

"ဟုတ်ကဲ့ အန်တီ "

သူတို့က အဆင်ပြေနေပေမယ့် အဆင်မပြေသူက ရှောင်းကျန့်
အကိုဆူမင်က မနက်စောစောရောက်လာမယ်​ဆိုပြီး မရောက်လာသေး
အကိုဆူမင် ဆေးထည့်ပေးတာပဲ လိုချင်တာ
အခုတော့ သူ့ဘဝက သူများ​လက်ထဲမှာ
မျက်နှာသစ်ပေးဖို့ကို ဆွေ့ကနဲ ကောက်ချီတဲ့
ယူဂျယ်အင်က ရဲတင်းလွန်းတယ်

"မထိနဲ့ လမ်းလျှောက်နိုင်တယ် "

အသံမာမာနဲ့ ပြောတာကိုတောင် ဂရုမစိုက်တဲ့
ဒီလူက မကြားချင်ယောင်ဆောင်ကာ
ရေချိုးခန်းထိဆွဲခေါ်ပြီး မျက်နှာသစ်ပေးနေပြန်တယ်

"ကိုယ့်ဘာသာ လုပ်တတ်တယ်လို့ "

ဟုတ်တယ်လေ ရှောင်းကျန့်လေး ခြေထောက်က ပွန်းပဲ့ ပြတ်ရှဒဏ်ရာတွေလောက်ပဲရထားတာ
ကျိုးသွားတာမဟုတ်ဘူး ကိုယ့်အားကိုယ်ကိုးနိုင်သည်
ချစ်သူလေး ရိပေါ်လုပ်ပေးတာဆို တစ်မျိုးပေါ့ ဟွန့်

"ဟုတ်ပါပီဗျာ ကိုယ်အပြင်ကစောင့်ပေးမယ် "
ဂျယ်အင် သူ့ကလေးလေးကို အစအဆုံးအကုန်ဂရုတစိုက်လုပ်ပေးချင်ပေမယ့်
သူလေးက စိတ်ရှုပ်နေပုံပေါ်တော့လည်း အတင်းမလုပ်ချင်ပြန်
အလျှော့ပေးပြီးပဲ အခန်းပြင်ထွက်စောင့်ပေးနေတယ် ဒီလို အရေးမကြီးတဲ့ ကိစ္စတွေမှာ တော့ ဂျယ်အင် အလျှော့ ပေးနိုင်သည်လေ

ရေချိုးခန်းရှေ့မှာ စောင့်နေရင်း ခနကြာတော့
အခန်းထဲဝင်လာတဲ့ လူတစ်ယောက်
ဒီလူလည်းသူ့လို ရဲတင်းလွန်းတာပဲလား
ဒါမှမဟုတ် ယွန်းဆန်းနဲ့ အရမ်းရင်းနှီးလွန်းတာကြောင့်လားတော့ မသိ
သေချာသည်က ယွန်းဆန်းကိုယ်တိုင်ကာကွယ်ပေးလိုက်တဲ့ ဂျယ်အင်ရဲ့ မဟာရန်သူတော်ကြီးဆိုတာပင်

"ယွန်းဆန်းရဲ့ အခင်ဆုံးသူငယ်ချင်း
ဆိုတာလား "

ဆူမင် ရောက်တော့ ကလေးပိစိအခန်းကို လာဖို့ ခွင့်တောင်းချိန်
ကလေးပိစိရဲ့အဒေါ်က အချစ်ဆုံး သူငယ်ချင်းကောင်လေးရောက်နေသည်တဲ့
ဘယ်လိုပဲ အခင်ဆုံး သူငယ်ချင်းလို့ ပြောပြော ဆူမင်ကတော့ မကျေနပ်နိုင်
ကလေးပိစိနားမှာ သူတစ်ယောက်ပဲရှိချင်တာ

ဆန်းဆန်းကြီး systemWhere stories live. Discover now