7. ဘုရားကျောင်းကို ဖြိုမချသင့်ဘူး

शुरू से प्रारंभ करें:
                                    

ဝမ်ချန်းက သူ့ရဲ့ကတုံးလေးကိုပွတ်နေသည်။ အမှန်တော့ ထိုကတုံးကလွန်ခဲ့သောလဝက်တုန်းကလောက် ချောမွေ့ခြင်းမရှိတော့ပေ။ သူ့ဆံပင်တွေကစတင်၍ ပြန်ပေါက်လာနေပြီဖြစ်ပြီး ကိုင်ကြည့်လျှင် ယားစိ ယားစိဖြစ်သလိုခံစားရသည်။ သို့သော်လည်း ပါ့ပါးဝမ်နှင့်မားမားဝမ်တို့ကတော့ ပျော်ရွှင်နေကြပြီး သူမုန်းတီးလှသည့် လူ့အဖွဲ့အစည်းကြီးအတွင်းသို့ ပြန်လာဖို့အား ကြာရှည်စွာမျှော်လင့်ခဲ့ကြလေသည်။

သူက စာချုပ်၏စာရွက်အနည်းငယ်ကိုသာလှန်ကြည့်လိုက်သည်။ စည်းကမ်းချက်များနှင့် အခြေအနေများသည် ပါ့ပါးဝမ်ရရှိခဲ့သည့်သတင်းအတိုင်းပင် သို့သော်လည်း အချို့အချက်အလက်များနှင့် အခြေအနေများကြောင့် စျေးနှုန်းကတော့ကွာခြားနေခဲ့သည်။

" ဖုန်းရှတောင်ကိုကျွန်တော်ပေးနိုင်ပါတယ် ဒါပေမယ့် တောင်းဆိုချက်တစ်ခုတော့ရှိတယ် "

သူသည် developer များအကြောင်းမကြားခင်ကတည်းက ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မည်မှန်း သိနေခဲ့ပါ၏။ ဘုန်းတော်ကြီးကသူ့စာထဲတွင် ထိုပျက်စီးနေပြီဖြစ်သောဘုရားကျောင်းအား ဆက်ပြီးထိန်းထားစရာမလိုတော့ကြောင်း အကြံပြုရေးသားထားခဲ့သည်။ သူက ဝမ်ချန်းအား သူ၏ကျန်ရှိသောဘဝတွင်အတူနေထိုင်ပေးမည့် တပည့်တော်တစ်ယောက်အဖြစ်သာ အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း ရှင်းပြပေးခဲ့သည်။ အခုတော့ သူ့ဘဝဟာချုပ်ငြိမ်းသွားခဲ့ပြီဖြစ်ပြီး သဘာဝကျစွာဖြင့် ဝမ်ချန်းကလည်းထိုနေရာတွင် ထပ်နေစရာမလိုတော့ပါပေ။

" ဘယ်လို တောင်းဆိုချက်များလဲ " ကျန်းရိဟွမ်၏မျက်ခုံးများ တွန့်သွားခဲ့၏။ တစ်ဖက်လူက သူ့အားဒုက္ခများစွာထဲမှ ကယ်တင်ပေးခဲ့သော်လည်း ကိစ္စတွေကဒီလောက်ထိလွယ်ကူလိမ့်မည်မဟုတ်မှန်း သူသိသည်။ နောက်ဆုံးတော့လည်း ထိုညှိနှိုင်းမှုတစ်ဖက်ကလူသည် ဘုန်းကြီးတစ်ပါးပင်ဖြစ်ပေသည်။ ဘုန်းကြီးများအပေါ် သူ၏အမြင်ကတော့ များသောအားဖြင့် ထိုသူတို့သည်ခေါင်းပိုမာကြသည်ဟူ၍ပင်။ အထူးသဖြင့် ဘုန်းတော်ကြီးအိုကြီးတွေပင်။ လွန်ခဲ့သော တစ်လလောက်တုန်းက ဖုန်းရှတောင်အကြောင်း အချက်အလက်များစုစည်းခဲ့သော်လည်း ဘုန်းတော်ကြီးဟောင်းသည်ရုတ်တရက် ဆုံးပါးသွားလိမ့်မည်ဟုမမျှော်လင့်ခဲ့မိပေ။ ထို့ကြောင့်ပဲ ဘုန်းတော်ကြီးဟောင်းကိုစည်းရုံးမည့် မူလအစီအစဥ်တွေအားဖျက်သိမ်းခဲ့ရသည်။

The Dominant Boss (Myanmar Translation)जहाँ कहानियाँ रहती हैं। अभी खोजें