7. ဘုရားကျောင်းကို ဖြိုမချသင့်ဘူး

3K 661 7
                                    

[Unicode]

ဝမ်ချန်းသည် ဘုရားကျောင်းတွင်နေထိုင်သူဖြစ်ကြောင်း ဒေသခံများကသိကြသည်။ သို့သော်လည်း လူအများစုမသိသည်အချက်က ဘုန်းတော်ကြီးဟောင်းသည် သူမဆုံးပါးခင်ကတည်းက ဘုရားကျောင်းအား ဝမ်ချန်းဆီသို့လွှဲပြောင်းပေးပြီးသား ဖြစ်သည်ကိုပင်။ ထိုအရာက ဝမ်ချန်းကိုဘုရားကျောင်း၏ ပိုင်ရှင်အသစ်ဖြစ်လာစေခဲ့သည်။

ကျန်းရိဟွမ်နှင့်သူ့လက်ထောက်သည်လည်း အုပ်ချုပ်ရေးမှူးဝမ်ဆီမှ သိခဲ့ရခြင်းဖြစ်၏။ ဘုန်းတော်ကြီးဟောင်း စာရွက်စာတမ်းတွေပြင်ဆင်နေချိန်၌ အုပ်ချုပ်ရေးမှုးဝမ်ကကြားခဲ့ရခြင်းဖြစ်သည်။ သူက သူတို့အား ပါ့ပါးဝမ်နှင့်မားမားဝမ် တို့ကို သွားတွေ့ရန် အကြံပေးလိုက်ခြင်းဖြစ်သည်။ " သူတို့ကိုသွားရှာလိုက် အဲ့တာဆိုဝမ်ချန်းဘယ်မှာရှိလဲ သိလိမ့်မယ် "

ဝမ်ချန်း၏ ခေါင်းပြောင်ပြောင်ကြောင့် သူ့အားခွဲခြားသိမြင်ရန်လွယ်ကူလှသည်။
[ဝမ်ချန်း ကတုံးလေး]

ကျန်းရိဟွမ်နဲ့ဖုန်းထျန်က ထိုတစ်စုံတစ်​ယောက်ကိုတွေ့ဖို့က အတော်လေးခက်ခဲလိမ့်မည်ဟုတွေးထင်ခဲ့မိကြသည်။ သူတို့လုံးဝမထင်ထားသည်ကတော့ တံခါးဝတွင် တောင်၏ပိုင်ရှင်ဖြစ်သူကစောင့်နေလိမ့်မည်ဆိုတာကိုပင်။ ထိုလူနှစ်ယောက်သည် တကယ့်ဘုန်းတော်ကြီးများကို တွေ့ရခဲသော မြို့ကြီးများတွင်နေထိုင်သူများ ဖြစ်ကြသောကြောင့် ဝမ်ချန်းလိုကတုံးပြောင်ပြောင်လူတစ်ယောက်ကိုတွေ့လိုက်ရသည့်အချိန်၌ အတော်လေးတော့အံ့အားသင့်သွားခဲ့ကြသေး၏။ ကမ္ဘာကြီးမှာ ပိုအတွေ့အကြုံရှိလာပြီဖြစ်သည့် ကျန်းရိဟွမ်က အလျင်အမြန်ပဲစိတ်ကိုထိန်းလိုက်နိုင်သည်။

ကျန်းရိဟွမ်က သူ့လက်ဆွဲသေတ္တာထဲက စာချုပ်တစ်ခုကိုထုတ်ယူလိုက်ပြီး ဝမ်ချန်းဆီသို့လွှဲပေးလိုက်သည်။ သူက ကျေးရွာကောင်စီကနေ ဖုန်းရှတောင်၏ပိုင်ရှင်သည် ဝူယင်းဘုရားကျောင်း၌ နေထိုင်ခဲ့သော ဘုန်းတော်ကြီးဖြစ်ကြောင်း သိရှိခဲ့ရပြီးဖြစ်သည်။

" မစ်စတာဝမ်ခဗျ စာချုပ်ကိုအသေအချာလေးကြည့်ပေးလို့ရမလား။ မေးစရာရှိရင် အကုန်မေးလို့ရပါတယ် ကျွန်တော်ကြိုးစားပြီးဖြေပေးပါ့မယ်ဗျ "

The Dominant Boss (Myanmar Translation)Where stories live. Discover now