🍑1.3🍑

5.5K 518 5
                                    

Uni🖤

ရှောင်ကျန့် က ပြာပြာသလဲ ပုံစံဖန်းကာ
"အာ..ကျန့်ကျန့် တောင်းပန်ပါတယ် အိမ်ရှေ့စံဝမ်ကျန့်ကျန့်မသိလို့ပါ ခွင့်လွှတ်ပေးပါ အိမ်ရှေ့စံ "
လို့ပြောပြီး အတင်းတွေ အရိုအသေပေး တောင်းပန်ပြတော့ အိမ်ရှေ့စံ က သနားသွားတယ် ထင်ပါရဲ့
"မသိလို့ဖြစ်သွားတာပဲ ကိစ္စမရှိဘူး "

"ကျေးဇူးတင်ပါတယ် "

ရှောင်ကျန့် ပြောပြီးတာနဲ့ အိမ်ရှေ့စံ က ကျောင်းဝင်းထဲ ဝင်သွားတော့တယ်

ဟူး ခုမှပဲ စိတ်အေးသွားတော့တယ် အိမ်ရှေ့စံ က စိတ်မကြည်ပဲ ဘယ်ချိန်ခေါင်းထဖြတ်မလဲ တွေးပူနေရတယ် ငါလေး ဘဝက လွယ်ကူ မနေဘူး

"ကျန့်ကျန့် ကျဲလျန်ပြန်တော့မယ် ကျောင်းတက်ရင် စာကိုသေချာ လိုက်မှတ် ညနေကြရင် လီယန် ဝင်ခေါ်လိမ့်မယ် "

"ဟုကဲ့ သေချာဂရုစိုက်သွားပါ ကျဲလျန်"

ကားထဲမဝင်ခင် ကျဲ လျန်က ကျန့်ကျန့် ရဲ့ နဖူးလေးကို အနမ်းတစ်ပွင့်ချွေသွားတယ်

ဟူးးးးး မားကိုသတိရလိုက်တာ ကျောင်းသွားခါနီးဆို မားက ငါ့နဖူးလေးကို အနမ်းခြွေပေးနေကြ တရုတ်ကိုတစ်ယောက်ထဲ လာနေတာကိုတောင် နောင်တ ရချင်သလို ဟင်းးး

"လာနေတော့ကောင်းသွားတယ်လေ host ရဲ့ ချစ်စရာ system လေး linn နဲ့ တွေ့ရတယ်လေ ဟဲဟဲ"

"တော်တော်ကောင်းအုံးမယ် နင်နဲ့တွေ့လို့ ငါခုလို mission တွေ ထမ်းဆောင်နေရတာလည်း ထည့်ပြောပါအုံး"

"ဟွန့်"
(မ​ဖြစ်ခြေတော့ဘူး Linn ကိုပဲ အပြစ်တင် နေတဲ့host ကို မြန်မြန် လင်ပေးစားမှ ဖြစ်မယ်😏)

ရှောင်ကျန့် လည်း linnနဲ့ စကားပြောရင်း တစ်ဖြည်းဖြည်း  လမ်းလျောက် လာတာ   ကျောင်းခန်းထဲတောင် ရောက်တော့မယ်

အခန်းထဲ ဝင်ဖို့လုပ်နေရင်း အခန်းဝကနေ အတွင်းထဲကို ဝေ့ဝိုက်ကြည့်လိုက်တော့

What the hell 😬 အိမ်ရှေ့စံကြီးဟ
(ဒီမှာလေ အလင်းပြောချင်တာလေးတွေ ကျန်နေခဲ့လို့ ခုကျန့်ကျန့်ဝင်​​နေတဲ့ ခန်ဓာကိုယ်ပိုင်ရှင်က စီးပွားရေးတက်ကသိုလ်က ကျောင်းသားပါ ဝမ်အိမ်ရှေ့စံကလည်း စီးပွားရေးတက်ကသိုလ်ယူတာပါနှော်😊)

system 85105Where stories live. Discover now