Season I Unicode

8.8K 124 12
                                        

"Mindset"
Season I

ဒီနေ့
သုသု တို့ မောင်နှမနှစ်ယောက်တည်းရှိတဲ့ အိမ်လေးကို မိသားစုဝင် အသစ်တိုးတဲ့နေ့
မမသက်.... သုသု ထက် တစ်နှစ်ပဲ ကြီးတဲ့ သုသုရဲ့ ယောင်းမ
တစ်ယောက်တည်း ရှိတဲ့ ကိုကြီး ကို ပေးလိုက်ရတော့ အစတော့ ယောင်းမအပေါ် အမြင်မကြည် သော်လည်း အမ ညီမ မရှိတဲ့ သုသု အတွက် ခင်တွယ်စရာ အမ တစ်ယောက် ဖြစ်လာခဲ့တယ်
ကိုကြီး က ထိုနေ့ကတည်းကပင် သုသု ကို အရွယ် မကွာသော်လည်း ယောင်းမ ကို ရိုရိုသေသေ ဆက်ဆံဖို့ မမသက်လို့ပဲ ခေါ်ဖို့ သင့်သင့်မြတ်မြတ်ပဲနေဖို့ ဘာဖို့ ညာဖို့ ပေါင်းများစွာ ဖြင့် သြဝါဒ ခြွေခဲ့သေးသည်
ပြသနာက ကိုကြီးတို့ အိမ်ထောင်သက် တသ်လလောက်အကြာ ခုတင်ခြေရင်းမှ ကြိမ်လုံးတွေကို မမသက် မြင်သွားရာမှ စသည်
ဒီအတောအတွင်း ဘာပြသနာ မှ မရှိ

'သုသု မမသက်တို့ ခုတင် ခြေရင်း မှာ ကြိမ်လုံးတွေ တွေ့တယ် အ့ဒါတွေက ဘာလုပ်တာလဲ'

ကြိမ်လုံး သံ ကြားလိုက်ရသော မိမိ အလိုလို တင်ပါးလေး ယောင်ယမ်းပြီး စမ်းမိလျက်သား

'ကိုကြီးက ဘာမှ မပြောဘူးလား မမသက်'

'အင်း မပြောဘူး မေးလည်း မမေးရဲဘူး ဟီး '

အင်းလေ သူလည်း ကြောက်ရှာမည်ကိုး သုသုနဲ့ ဆယ်နှစ် ကွာတဲ့ ကိုကြီး က သူနဲ့လည်း ကိုးနှစ်ကွာတယ်လေ ဒီကြားထဲလည်း လင်မယား ရန်ဖြစ်သံ တခါမှ မကြား မကြားဆို မမသက်က ကိုကြီး စိတ်တိုင်းကျ ကိုကြီးသဘော နေလာခဲ့သည်ကိုး နောက်ပိုင်းမှသာ..အိမ်း

'ဒီလို မမသက်ရေ အ့ဒီ ကြိမ်စကြ်ာ တွေက ဟောဒီက နှမတော်လေး အလိမ္မာ လွန်ရင် သုံးတဲ့ ပစ္စည်း
ကိုကြီးက အရမ်း လက်သံပြောင်တာမမသက် မသိလို့ တခါကျွေးပြီးရင် တစ်ပတ်လောက် အီစိမ့် နေရော
အင်းနော် မမသက် ရောက်ပြီးမှ သုသု မှ အရိုက်မခံရသေးတာ မမသက် ဘယ်သိမတုန်း
မမသက် ကိုတော့ ရိုက်မှာ မဟုတ်ပါဘူး ချစ်လို့ ယူထားတာပဲကို
သုသု ကိုသာ တခုလေး မမှားလိုက်နဲ့ ကျွေးမယ် ဆိုတာကြီးပဲ ခု လပိုင်းတော့ သုသုပဲ တော်တော် လိမ္မာ နေလို့ပဲလား မမသက် နဲ့ပဲ ရှုပ်နေလို့ လား မသိဘူး အဆူမခံရတာတောင် ကြာပြီ '

MindSet Where stories live. Discover now