I lost him this way!

Mulai dari awal
                                    

"သားလတ်။ အေး သားလေး။ မေမေ ဆက်နေတာ ကြာပြီ။ သား ဖုန်းပိတ်ထားလို့။"

'သားလတ်' ဟု မေမေက ခေါ်လိုက်၍ ရုတ်ချည်း ဖုန်းနားကပ်ကာ နားထောင်လိုက်မိသည်။ ကိုလတ်အသံက မကြားရ။ ရှိုက်သံတွေသာ ဆက်တိုက် ထွက်ပေါ်နေ၏။

"သားလေး။ ဘာဖြစ်လို့လဲ သား။ မေမေ့ကို ပြောစမ်း။"

"မေမေ။ သား စကော်လာ မသွားခင်တုန်းက မေမေတို့ သားကို ဆေးရုံကနေ ခေါ်လာခဲ့တာလား။"

မေမေက ရပ်နေသေးသော သူ့မျက်နှာကို လှမ်းကြည့်လာသည်။ လွမ်းမြတ်အောင်လည်း တစ်ခုခု မှားနေမှန်း သိလိုက်၏။

"Speaker ဖွင့်လိုက် မေမေ။ သားလည်း နားထောင်ချင်တယ်။"

မေမေက သူပြောသည့်အတိုင်း ဖွင့်သည်။ အမေးစကားကိုလည်း ဖြေသည်။

"ဟုတ်တယ်လေ သားရဲ့။ သား သောင်ယံ့ကို လိုက်ပို့မယ်ဆိုပြီး အဲ့တုန်းက ထွက်သွားတာ။ နောက်နှစ်ရက်လောက်ကြာတော့ ရန်ကုန်ဆေးရုံကြီးကနေ မေမေတို့ကို သား အတွင်းလူနာအဖြစ် တင်ထားရတယ်ဆိုပြီး ဖုန်းဆက်တာပဲ။"

"သားကို ခွဲစိတ်တာမျိုးတွေရော ရှိခဲ့လား မေမေ"

"ခေါင်းထိသွားတာပဲ သားရယ်။ ခွဲစိတ်ရတာပေါ့။ မေမေတို့မှာ တစ်ချိန်လုံး ပရိတ်တွေ ရွတ်ပြီး သားလေး ခွဲစိတ်မှုအဆင်ပြေပါစေလို့ ဆုတောင်းခဲ့ရတာ။"

"ဟုတ်တယ် ကိုလတ်ရဲ့။ မေမေဆိုရင် တော်တော်လေးကို အားပျော့ကျသွားလို့ ကိုမြတ်တို့မှာ တအား စိတ်ပူခဲ့ရတာ။"

လွမ်းမြတ်အောင်ပါ ဝင်ဖြေလိုက်လျှင် ကိုလတ်က အားကိုးတကြီး ခေါ်လာတော့သည်။

"ကိုမြတ်လား။ ကိုမြတ်။ ညီ သတိရလာတော့ တစ်ခုခု မပြောဘူးလားဟင်။"

ပြန်စဉ်းစားကြည့်လိုက်မိသည်။ စိတ်ပူနေသော သူတို့အားလုံးကို နိုးလာကတည်းက ပြုံးပြပြီး ဘာမှမဖြစ်ကြောင်း ပြောပြခဲ့သူမို့။

"တစ်ခုခု ? ကိုမြတ် မှတ်မိသလောက်တော့ ဘာမှမပြောပါဘူး။ နည်းနည်းတော့ ခွဲစိတ်မှုရဲ့အရှိန်ကြောင့် ညီလေးက မေ့တာ လျော့တာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ‌အိမ်သားတွေ အားလုံးကိုလည်း မှတ်မိတာနဲ့ စကော်လာသွားဖို့ ဖေဖေနဲ့ မေမေက ခွင့်ပြုလိုက်တာ။"

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Tempat cerita menjadi hidup. Temukan sekarang