Chapter 19 - Feiyu's POV

Start from the beginning
                                    

ကောနဲ့ တဖြေးဖြေး ပိုပိုရင်းနှီးလာတယ်။ ပင်းပင်းအမှုကိုလဲ ကောက သေချာစုံစမ်းပေးမယ်ဆိုလို့ ကောကိုပဲ ယုံကြည်ပြီး လွှဲအပ်ထားလိုက်တယ်။ ဖေးယွီက ကျောင်းသားပဲရှိသေးတာလေ... ကောရဲ့ network က ပိုကျယ်ပြန့်ပြီး အင်အားကြီးမားတာကြောင့် ပင်းပင်းအတွက် တရားမျှတမှုကို ကောပြန်ရှာပေးနိုင်မယ်ဆိုတာ ယုံတယ်။ ဖေးယွီအိမ်ကို အကူအညီတောင်းလို့ရပေမယ့် ကောက သူ့ကိုစိတ်ချပါဆိုလို့ ကောဆီပဲ အပ်ထားတော့တယ်။ ကောကောက အဲ့လို အားကိုးရတဲ့သူမျိုးပါဆို။ မောင်နှမသားချင်းမရှိတာမို့ ကောကိုပဲ အရမ်းခင်တွယ်နေမိခဲ့တယ်
.
.
.
တဖြေးဖြေးနဲ့ ကောနားရောက်လာရင် ရင်ဘတ်ထဲက အကောင်ငယ်က ပုံမှန်မဟုတ်တော့တာ ခံစားမိတယ်။ အဖြေမရှာချင်ခဲ့ဖူး။ ဒီတိုင်း နှလုံးသိပ်မကောင်းတော့လို့နေမှာပါ။ အာ့ကြောင့် ဆေးသွားစစ်ကြည့်ဖို့ စီစဥ်ထားခဲ့တယ်။

လူက အကျင့်ဖြစ်သွားရင် ပြင်ရခက်တယ်ဆိုတာအမှန်ပဲ
ကောဆီက ဂရုစိုက်မှုတွေ ရနေကြဆိုတော့ တစ်ခါတစ်လေလေး မရရင် ချန်ဖေးယွီ မပီသစွာ ဝမ်းနည်းပြီး ငိုချင်လာရောပဲ
.
.
.
ပင်းပင်းအတွက် တရားမျှတမှုကို ရခဲ့ပြီ။ ကော​က တရားခံကို ရှာဖွေပေးခဲ့တယ်။ ပင်းပင်း အရိုးပြာအိုးရှိရာသွားပြီး တရားမျှတမှု ရခဲ့ပြီ ဖြစ်ကြောင်း သွားပြောခဲ့တယ်။ အွန်း... တစ်ယောက်တည်းတော့ မဟုတ်ခဲ့ဖူး... ကောက စိတ်မချလို့ အဖော်လိုက်ခဲ့မယ်ပြောတာနဲ့ ကောနဲ့အတူပေါ့... ပြန်ထွက်ခါနီး လေလဲမတိုက်ပါပဲနဲ့ ပင်းပင်းအကြိုက်ဆုံး နှင်းဆီဖြူပန်းစည်းလေးက ကြမ်းပေါ်ပြုတ်ကျသွားခဲ့တယ်။ ကောကတော့ ဖေးယွီသေချာမတင်မိလို့ဖြစ်မှာပါ... စိတ်ထဲမထားပါနဲ့ ပင်းပင်းလဲ ပျော်နေမှာပါတဲ့
.
.
.
ကောနဲ့ ဖေးယွီရဲ့ နေ့ရက်တွေဟာ ပုံမှန်အတိုင်းပဲ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူရင်း ကုန်ဆုံးနေခဲ့တယ်။ ကောပင်ပန်းတဲ့အခါမျိုးမှာ ဖေးယွီအိမ်ကိုလာပြီး ဖေးယွီပေါင်ကို ခေါင်းအုံးလုပ်အိပ်လေ့ရှိတယ်။ အဲ့အချိန် ဖေးယွီက ကောဆံပင်တွေကြား လက်ထည့်ပြီး နှိပ်နယ်ပေးရင် relax ဖြစ်တယ်ဆိုလို့ အမြဲနှိပ်ပေးရတယ်... ကောက တကယ့်ကို ဇိမ်ခံတတ်တာပဲ
.
.
.
ဒီနေ့ ကောကောက ဖေးယွီကို ချစ်တယ်ဆိုပြီး ဖွင့်ပြောတယ်။ ကိုယ့်ရင်ဘတ်ထဲက အကောင်ပေါက်က ထခုန်တာများ အပြင်ကို ကျွံထွက်လာမလား အောက်မေ့ရတယ်။ ဘာပြန်ပြောရမှန်း ရုတ်တရက်မတွေးတတ်တာမို့ ဖေးယွီ ခေါင်းငုံ့နေခဲ့မိတယ်။ ကောက ဖေးယွီမျက်နှာလေးကို မော့စေပြီး သူ့နှုတ်ခမ်းနဲ့ ထပ်တူကျစေတယ်။ ကောရဲ့နှုတ်ခမ်းတွေက တကယ်ချိုတယ်။ အွန်း...အဲ့လိုနဲ့ပဲ ကောနဲ့ ဖေးယွီ ချစ်သွားကြတယ်။ ပင်းပင်းလဲ ကောကိုခင်တာမို့ ဖေးယွီတို့နှစ်ယောက်ကို နားလည်ပေးနိုင်မှာပါ။ ကောနဲ့အတူသာဆို ဖေးယွီ ပျော်ရွှင်နိုင်မှာ

Hunted (Completed)Where stories live. Discover now