Chapter 19 - Feiyu's POV

352 37 14
                                    

#Unicode

'ကော'လို့ ဖေးယွီက အမြတ်တနိုး ခေါ်ရတဲ့ လော်ယွင်ရှီးဆိုတဲ့ လူသားကို TVဖန်သားပြင်တွေ billboard တွေ စာစောင်တွေမှာ ကြိမ်ဖန်များစွာ မြင်တွေ့ဖူးခဲ့ပေမယ့်  ပထမဆုံး အပြင်မှာ မြင်ဖူးခဲ့တာ ကျောင်းက ပွဲတစ်ခုမှာ... လူတွေအုံနေတဲ့ကြားက ကောရဲ့စူးရှရှမျက်လုံးနဲ့ မျက်နှာသွယ်သွယ်လေးက ဖေးယွီရဲ့ အာရုံကို ဖမ်းစားသွားခဲ့တယ်။

ဘုရားစူး...အဲ့အချိန်တုန်းက ဖေးယွီက တကယ့်ကို အဖြောင့်ကောင်လေး... မျိုးတူလူသားတစ်ဦးကို ၁၅၀၀မေတ္တာနဲ့ ချစ်ကျွမ်းဝင်မိဖို့ဆိုတာ လုံးဝ လုံးဝကို မတွေးမိခဲ့တဲ့အရာ... ချန်ဖေးယွီဆိုတဲ့ အဖြောင့်ကောင်လေးက ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ကောင်မလေး ချောချောလေးတွေကိုပဲ စိတ်ဝင်စားတာ ခင်ဗျားလေးတို့ယုံ

ပြီးတော့ အဲ့အချိန်တုန်းက ဖေးယွီမှာ အရမ်းသဘောကျရတဲ့ လက်တွဲဖော်မိန်းကလေးအဖြစ် သတ်မှတ်ထားခဲ့တဲ့ ချစ်စရာကောင်မလေးတစ်ယောက်လည်း ရှိနေခဲ့ပြီးသား

ကောကိုက အားကျစရာကောင်းတဲ့ ထက်မြတ်ထူးချွန်တဲ့ အစ်ကိုကြီးတစ်ယောက်အဖြစ် သဘောကျလေးစားမိခဲ့တာ... ခင်မင်ရင်းနှီးချင်ခဲ့တာ

မထင်မှတ်ပဲ ချစ်သူကောင်မလေးကတဆင့် ကောနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့တယ်။ ကောက စီးပွားရေးနယ်ပယ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင်တစ်ဆူဖြစ်နေတာမို့ မာနကြီးမယ်ထင်ခဲ့တာ... တက်တက်စင်အောင် လွဲရောပဲ... မာန်မာနမရှိပဲ ဖေးယွီတို့ကို ကိုယ့်ညီလေး ညီမလေးလို ဂရုစိုက်ပေးတော့ ခင်တွယ်မိတာ ဖေးယွီ အလွန်မဟုတ်ဖူးဟုတ်

မမျှော်လင့်ပဲ ဖေးယွီချစ်သူကောင်မလေး ကွယ်လွန်ခဲ့ပြီးနောက် ဖေးယွီ အကြီးအကျယ် ပြိုလဲတဲ့အချိန် ကောက ဘေးနားကနေ ဖေးမပေးခဲ့တယ်။ ဖေးယွီရဲ့ အပူတွေကို မျှယူပေးခဲ့တယ်။ ကောက အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်မို့ ကောရဲ့အချိန်တွေဟာ အရမ်းတန်ဖိုးရှိမှန်း ဖေးယွီသိတာပေါ့... ဒါပေမယ့် ကောက ဖေးယွီအတွက်ဆို သူ့အချိန်တွေကို မနှမြောခဲ့ဖူး... ဒီလူသားကို ဖေးယွီ သံယောဇဥ်တွေ ပိုသထက် ပိုပိုလာတာကိုပဲ ခင်ဗျားလေးတို့ မမြင်နဲ့လေ... ကောက တကယ့်ကို အစ်ကိုကြီး တစ်ယောက်လိုပဲ... အင်းလေ အသက်အရအတော်ကွာတာကိုး... ဒါပေမယ့်လည်း တစ်ခါတစ်လေ ကောမျက်နှာသိပ်မကောင်းတဲ့အခါမျိုးဆို ကောကောကိုယ်သေးသေးလေးကို ဖေးယွီရဲ့ ရင်ခွင်ကျယ်ကြီးထဲ ထွေးပိုက်ထားပြီး အပူတွေကို တဖန် မျှယူပေးချင်မိတယ်

Hunted (Completed)Onde histórias criam vida. Descubra agora