Part(28)👥(Zawgyi)

Start from the beginning
                                    

"ကျစ် ဦး သားလုပ်ပုံလည်းကြည့်ဦးလေဗျာ။ မိဘတွေစိတ်ပူနေမယ်ဆိုတာ ဒီကောင်နားမလည်ဘူးလား"

အကောင်ပေါက်လေးက သူ့Daddyကိုကြောက်လို့ ထည်လင်းရင်ခွင်ထဲတွင် ရှိုက်နေလျက်။

"ကလေးကို ဆုံးမတာ လူလိုဆုံးမမှပေါ့ အခုတော့ မင်းဟာကမဟုတ်သေးပါဘူး ။ငါမွေးထားတာ လူလေးတွေကွ နားလည်လား ။ခံစားတတ်တယ် ပြောရင် သိတတ်
တယ် နားလည်တတ်တယ် လူစကားလည်းနားလည်တယ်ကွ "

"ဟက် ဦး အဲ့လို ကျပ်ကျပ်အလိုလိုက် ။‌ဒီကောင်က ..."

"ခွပ်"

စကားတောင်မဆုံးလိုက်ခင် မဟော့်ပါးပြင်ပေါ်ကျလာသည့် အားပြင်းပြင်း လက်သီးတစ်ချက်။

ထို့နောက်တွင်မူ ငြှိုးမာန်ဝေစွာဖြင့် အကြည့်တစ်ချက်
ကို ဒါတောင်ထိန်းထားလိုက်လို့ ဟူသော ပုံစံမျိုးဖြင့်ကြည့်ပြီး သားငယ်ကိုချီကာ ထည်လင်း အိမ်ပြန်ခဲ့လေသည် ။ မဟော်ကတော့ နောက်မှတရွေ့ရွေ့ပင်လိုက်ပါလာလေ၏။သူ့အတွက် ဒါက မထူးဆန်းတော့သည့်အရာမို့  ရင်မှာခံစားပြီးလည်း အတွင်းကြေမနေနိုင်တော့ပါ ။အသည်းနှလုံးက အသားမာတက်ကာထုံနေပြီမို့  ဒီ ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကို မဟော်လိုက်ခံစားမနေတော့ပါပေ။

သူသိပါသည်လေ ။သူ့ဦးက သားသမီးနှင့်ပတ်သက်လာလျှင်  ဘယ်လိုလူမျိုးကိုမှ ခွင့်မလွှတ်တတ်သည်ဆိုတာကို။

အိမ်ပြန်ရောက်တော့ ထည်လင်းတစ်ယောက် ရွှံ့တွေပေပွနေသည့် ဖောင်းဖောင်းအား ရေချိုးသန့်စင်ရန်ရေချိုးခန်းထဲခေါ်လာလိုက်၏။

"သား ဘယ်တွေလျှောက်သွားနေတာလဲကွဟေ"

"တား‌ ဈေးတွားဝယ်နေရာပါဆို"

"ဈေးသွားဝယ်တယ်ဟုတ်လား ဘယ်သူကခိုင်းတာလဲ သားရဲ့ ဖေဖေ့ကိုပြောစမ်းပါ"

"တာဝန်အရရေ ဖေဖေရဲ့ "

သူ့ကိုယ်သူ စစ်သားကြီးလို ရင်ကိုကော့ကာ သတိအနေအထားဖြင့် လက်နှစ်ဖက်ကိုဘေးကပ်လျက် သေချာပြောလာသော သားငယ်။အသည်းအသက်လေးလေ။

ထည်လင်းသူ့တာဝန်ကို သိချင်မိသည်နှင့်

"ဘာ တာဝန်လဲ သားရဲ့"

ချစ်သော...ဦး S(2)[Mother is Father]Where stories live. Discover now