Part -21

14.5K 1.1K 105
                                    

မုန်းမိုင် ချာတိတ်ကို ကြည့်ကာ အားနာလွန်းလို့
ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။

စကားလည်း မပြောတော့သလို ပြုံးတာလည်း
မရှိတော့ဘူး ။

မုန်းမိုင် နွားနို့ခွက်လေး ကိုင်ကာ
ထိုင်နေတဲ့ ချာတိတ်လေး နားကို သွားလိုက်တယ်။

”ချာတိတ် ”

”အင် ဦး ”

ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့ သာ ကြည့်လာတယ်။

”ချာတိတ် ဦး နဲ့ ခွဲနိုင်လား ”

မုန်းမိုင် မေးတော့ ချာတိတ် ရဲ့ မျက်လုံးလေးတွေက
လန့်သွားသလို........ ။

”ဟင့်အင်း သားကို မထားခဲ့နဲ့နော် ”

သူ့လက်ကို အတင်းဆွဲကာ
ဖက်ထားတဲ့ကောင်လေး။

ခဏတော့ဝေးကြရအောင် အချစ်.....။

”ဦးချစ်တာကို တော့ ယုံပေးပါ ချာတိတ်ရယ် ”

ထူးပိုလေး မုန်းမိုင် ဘာတွေပြောနေလဲ နားမလည်
ဦး က ဘာဖြစ်ချင်နေတာလဲ။

”ဦး သားအနားက ထွက်သွားရင်
သား လုံးဝ ခွင့်မလွှတ်ဘူးနော် ”

ထူးပိုလေး မုန်းမိုင် ကို စိုက်ကြည့်ကာ
ပြောလာပင်မဲ့ မုန်းမိုင်က ဆံပင်လေးတွေကို
သပ်ကာ ပြုံးပြီးသား ကြည့်နေလိုက်တယ်။

ထူးပိုလေး လက်ထဲ နွားနို့ခွက် ထည့်ကာ
မုန်းမိုင် အပြင်ကို ခဏထွက်လာလိုက်တယ်။

ချာတိတ် မမြင်နိုင်လောက်တဲ့ နေရာရောက်
တော့မှ ဖုန်းကို ထုတ်ကာ......။

”ဟယ်လို ထက်မြတ် ”

”ဟာ ကိုကြီး မုန်းမိုင်ပါလား ”

ထက်မြတ် နဲ့ သူ့ရဲ့ ကောင်လေး မိုးသောက် တို့က
မုန်းမိုင်ရဲ့ Club မှာ အလုပ်လာလုပ်ဖူးကြတယ်။

အခုတော့ နှစ်ယောက်လုံးက စုမိဆောင်းမိနဲ့ပေါ့.....။

မိသားစုတွေလို မျိုးဖြစ်ခဲ့ပင်မဲ့ သူတို့က
နယ်မြို့ကို ပြောင်းသွားတာကြောင့်
အဆက်အသွယ်ပြတ်သွားရတယ်။

”ဟုတ်တယ် ထက်မြတ် ငါအကူအညီလေး
တောင်းချင်လို့ မင်း တို့ ကူညီမှ ရမယ် ”

ရမ္မက် ( LUST) Where stories live. Discover now