အမှောင်ဘက်က လက်နတ်အတုထုတ်လုပ်တာနဲ့ပတ်သပ်ပြီး ချူးရှန့်နဲ့ ရှန်ဝေတို့က အတူစုံတွဲကာရှာဖွေစစ်ဆေးကြတယ် … ရှန်ဖန်းဂူပိုင်ဆိုင်တဲ့နယ်မြေတွေအားလုံးက ပိတ်ဆို့ထားခြင်းကြောင့် အပြင်လူမဝင်ရောက်နိုင်သလို လက်နတ်အစစ်တွေအားလုံးဟာလဲ တစ်ခုမှမပျောက်ပျက်ပဲ လုံခြုံမှုအပြည့်နဲ့ရှိနေတယ် … တိုက်ပွဲကစနေပြီဆိုတော့ ဖန်းဂူရဲ့အဖွဲ့သားတွေလဲ နိုးနိုးကြားကြားနဲ့ရှိနေကြပြီ … ခေါင်းဆောင် ရှန်ဖန်းဂူနဲ့ ဒုခေါင်းဆောင်ယာရှာက အလင်းမှာရှိနေ၍ ခုသူတို့ကိုအမိန့်ပေးနိုင်တဲ့တစ်ယောက်သောသူက ချူးရှန့်ပဲ … ရှန်ဝေကလဲ ပိုင်နဲ့အမှုကိုရပ်ဆဲထားတယ်ဆိုတော့ အရင်ကလို ချူးရှန့်လက်ထောက်အဖြစ် အမှောင်မှာကူညီနေတယ် … နောရာတိုင်းမှာ ဖန်းဂူရဲ့လူတွေ စောင့်ကြပ်နေတာမို့ ဒီတစ်ခါတော့ အားလုံး လုံခြုံပြီလို့တော့ ထင်ရတာပါပဲ … ဒီလိုနဲ့ အခန်းအနားပွဲကြီးနေ့သို့ရောက်လာခဲ့လေတယ် …

ရှန်ဖန်းဂူရဲ့အရှိန်အဝါနဲ့ကိုက်ညီအောင် အဝတ်အစားကို အားလုံးနဲ့မတူညီအောင်ဆင်မြန်ပေးဖို့အမိန့်ထုတ်ထားတယ် … ဒီပွဲကြီးက လူအများရဲ့မျက်စိကျချင်းကိုခံရသလို ရှန်ဟွှာဘယ်လောက်အင်အားတောင့်တင်းကြောင်း ပြသရမဲ့ပွဲကြီးဖြစ်နေ၍ပင် … ရှန်ဖန်းဂူရဲ့ကိုယ်မှာဝတ်ဆင်ပေးမဲ့အဆင်တန်ဆာတန်ဖိုးက ဘယ်သူမှမမျှော်မှန်းမိလောက်သည့်ထိ တန်ဖိုးကြီးမားစေတယ် … ရှန်ဟွှာရဲ့အမှတ်တံတိတ် အမွေဆက်ခံသူတစ်ယောက်သာလျှင် ဝတ်ဆင်ခွင့်ရှိတဲ့ အဖိုးများစွာတန်ဖိုးရှိပြီး အာဏာအကြီးမားဆုံးဖြစ်တဲ့ ဘုရင်အတွက် သရဖူလိုမျိုး ရှန်ဟွှာမှာလဲရင်ထိုးတစ်ခုရှိနေတယ် … ထိုအရာကိုပိုင်ဆိုင်ရင် ရှန်ဖန်းဂူဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး ဘယ်အရာမှသူ့ကို ဟန့်တားနိုင်မည်မဟုတ်တော့ခြေ … သူ့အဖိုး ရှန်ဟွှာရန်းပင်တောင်မှပေါ့ …

အခန်းအနားပွဲတက်ဖို့အတွက် ဖန်းဂူအရာအားလုံးဆင်မြန်းပြီးခြေပြီ … အိမ်တော်မှာအစောင့်အကြပ်များစွာရှိနေပြီး အခန်းထဲမှာတော့ မင်းယွီနဲ့ ဖန်းဂူ ၂ ယောက်ထည်းသာရှိနေတယ် … ဖန်းဂူက ဒီပွဲအတွက် စိတ်မလှုပ်ရှားပေမဲ့ မင်းယွီကတော့အတော်လေးစိတ်လှုပ်ရှားနေတယ် … အမှန်တကယ်ဆိုရင် မျိုးရိုးစဉ်ဆက်ဓလေ့အရဆိုရင် ဒီသခင်ကြီးဆိုတဲ့ ဘွဲ့တံဆိတ်က မျိုးဆက်ဖြစ်တဲ့ လုယီလေး ပညာတွေသင်သည့်အရွယ်ရောက်လာမှ ဖန်းဂူလက်ခံသင့်တာဆိုပေမဲ့ သူဟာ မျိုးရိုးဘွဲ့တံဆိတ်ဆက်ခံတဲ့နေရာမှာ အစောဆုံးဆက်ခံရရှိသူဖြစ်နေခဲ့တယ် … သူ့ရဲ့ဖခင်ကူးမန်ပင် ထိုဘွဲ့တံဆိတ်ကိုမရရှိသေးဘူး … ရှာဟွှာရန်းက ယုံကြည်သူကိုသာ လွှဲပြောင်းပေးအပ်မည်ဟုဆိုကာ သားအရင်းကိုပင်မပေးပဲ ဖန်းဂူကိုပေးအပ်ရန်ဆုံးဖြတ်ခဲ့ချင်းပင် … အနာဂတ်မှာ ဘာတွေဖြစ်လာမလဲမသိ၍ ဒီဘွဲ့တံဆိတ်နဲ့ထိုက်တန်သူက ဖန်းဂူတစ်ယောက်သာရှိသည်ဟု သူတို့တစ်မိသားစုလုံး ယုံကြည်ထားကြတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now