ဘန်ဘန့် ရဲ့ကိုကို ကိုအဝကြည့်ပြီးပြီမို့ မီးဖိုး
ခန်းထဲတိတ်တိတ်လေးခိုးဝင်ကာ ကိုကို့ ကျော
ပြင်ကျယ်ကြီးကိုနောက်ကနေသိုင်းဖက်ပစ်
လိုက်သည် ။

" ကိုကို!!. .."

ကိုကို က ရှိုင်းစေ ထင်ထားသလိုလန့်မသွား
သည့်အပြင် သူပြေးဖက်လိုက်တဲ့အရှိန်ကိုပါ
ထိန်းထားပေးလိုက်သေးတယ် ။

" Baby အစောကြီးနိုးလာတာလား...."

" အွန်း....baby အေးနေလို့...ကိုကို့ ကိုလိုက်
ရှာနေတာ..."

Baby ကအေးနေတယ်လို့ပြောလိုက်တာ
ကြောင့် မာန့် ကျောပေါ်မှာဖားလေးလိုကပ်နေ
တဲ့ Baby ကိုအရှေ့ကိုဆွဲယူပွေ့ချီလိုက်သည် ။
မာန့် လည်တိုင်ကိုဖက်ကာ ပုခုံးပေါ်ခေါင်း
လေးမှီလာတဲ့ Baby ကအိပ်ရေးမဝသေးတဲ့
ပုံပင် ။

" မျက်နှာမသစ်ဘဲ..ကိုယ့်ဆီလာခဲ့တာပေါ့
ဟုတ်လား.."

မာန့် ခါးကိုခြေထောက်လေးချိတ်ပြီးလည်
တိုင်ကြားထဲ မျက်နှာလေးတိုးဝေ့လာသည့်
Baby ကခွေးပေါက်ကလေးလိုချွဲနေသည် ။

" Baby ကိုပစ်ထားခဲ့မှာကြောက်နေတာ
Baby နိုးလာတော့ ကိုကို ကအနားမှာမရှိ
ဘူး..."

အိပ်ရေးမဝသေးတဲ့ကလေးငယ်က မာန့် ကို
အီချင်နေတဲ့ပုံပင်။ အီနေတဲ့ကလေးလေးကို
ပွေ့ချီကာ မာန့် အခန်းထဲခေါ်သွားတော့ အိပ်
ချင်ယောင်ဆောင်ကာလိုက်လာသည် ။ မာန်
ကဘဲအကျင့်ဖြစ်စေတာလား Baby ကဘဲ
မာန့် ကိုကပ်လွန်းတာလားမသိ...။

မနက်တိုင်း Baby ကိုအပေါ်ဆုံးထပ်မှာသွား
နှိုးပြီးရင် မာန့် အခန်းထဲမှာပြန်ခေါ်သိပ်ပေးရ
သည်တဲ့လေ ။ Baby ကအဲ့လိုမျိုး မာန့် ကို
နည်းမျိုးစုံနဲ့ပြုစားတတ်သည့် ကဝေလေး
ပင် ။ အိပ်ချင်ယောင်ဆောင်နေသည့် Baby
ကိုမွေ့ယာပေါ်ချလိုက်တော့ မျက်လုံးလေး
တစ်ဖက်ကိုခိုးဖွင့်ကာ မာန့် ကိုချောင်းကြည့်
သည် ။

" မျက်နှာသစ်ရအောင်လေ...Baby "

" ကိုကို သစ်ပေး.."

ချွဲစိန်လေးသဘောအတိုင်း ရေချိုးခန်းထဲပွေ့
သွားပေးလိုက်ပြီး မာန် ကိုယ်တိုင်မျက်နှာသစ်
သန့်ရှင်းရေးလုပ်ပေးတော့ ကျေနပ်နေတဲ့မျက်
နှာလေးဖြင့်...။

💞 Eternal Love 💞 { Completed }Where stories live. Discover now