"ငိုလို့ဝသွားပြီလား.."

ဆက်ကပြုံးစစနှင့်ဆိုတော့နားရွက်ဖျားလေးတွေရဲတက်လာသည်။

"ဟား..ဟား...ချစ်စရာကောင်းလိုက်တာကွာ"

"နောက်တစ်ခါဒဏ်ရာမရစေနဲ့.."

ကလေးနဲ့မတူစွာတည်တည်တံ့တံ့ပြောလာသောကြောင့်ဆက်အမြန်သရောခေါင်းညိမ့်
ပြလိုက်၏။ထိုအခါမှမျက်နှာလေးကကြည်
လင်လာသည်။
တစ်ခဏအကြာဆေးခန်း
အတွင်း၌ကလေးနှစ်ယောက်၏စကားသံ
ချိုချိုလေးများပြည့်နှက်နေတော့သည်။ဆေးခန်းတံခါးအပြင်ဘက်ရှိ
ဒေါ်လဲ့လဲ့ရီနှင့်ဉီးရှိန်သာတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးလိုက်မိသည်။

#ဒီကလေးနှစ်ယောက်ကထင်ထားတာထက်
သန်မာကြတာဘဲ#

*******************
**********************

Vipဆေးခန်းအတွင်းရာသီဉတုမှာတော်တော်ပင်
မှုိင်းအုံ့နေသည်။ကာယကံရှင်နှစ်ယောက်ကတော့အခြေအနေကိုသိဟန်မတူဘဲရယ်ရယ်မောမောနဲ့စကားကောင်းတုန်း....
နောက်ဆုံးတိမ်ယံကိုကို့လက်ကိုကိုင်လိုက်ချိန်တွင်မူအာဏာ၏သည်းခံစိတ်တို့ပေါက်ကွဲလေပြီ...
ထိုမျောက်လောင်းအားဂုတ်မှဆွဲကာVipခန်းထဲမှဆွဲထုတ်လာခဲ့သည်။
ကိုကိုကတော့အခြေအနေကိုမသိစွာမျက်လုံးလေးကလယ်ကလယ်နဲ့ကျန်ခဲ့ရှာသည်။

"ဟိုကောင်..လွတ်ဟ.....လွတ်လို့..."

နောက်ဆုံးလူရှင်း​ေသာဆေးရုံကော်ရစ်တာရောက်မှလွတ်ပေးတော့သည်။တိမ်ယံမှာ
ရှာလကာရည်တစ်ပုံတစ်ခေါင်းကြီးသောက်နေသောအနှီကောင်အားမျက်စောင်းချည်း
လှိမ့်ထိုးသည်။

#သူငယ်ချင်းနဲ့တောင်စကားအကောင်းမပြောရတဲ့အဖြစ်#

"ကိုကို...နဲ့ဝေးဝေးနေ"

စူးစူးရဲရဲကြည့်ကာဆိုလာသောကြောင့်
တိမ်ယံကိုယ်လေးပင်တောင့်သွားရသည်။

#အိစ့်...ကြားသုံးကြားမဝင်ကောင်းဘူး#

အာဏာအခန်းထဲသို့ပြန်လာသောတစ်
လျှောက်လုံးစိတ်ထဲမှကိုကို့..ကိုဆူပြစ်ဉီးမယ်လို့တွေးနေမိသည်။တိမ်ယံကကိုကို ကိုတကယ်ခင်တာကြောင့်သာလွှတ်ပေးထားခြင်းဖြစ်သည်..။

Rebirth for (BL) (completed) Where stories live. Discover now