(Me. ..အေးပါဟယ်နောက်ဆုံးအထိတွေးနိုင်ပါစေ)

ဆက်နဲ့အာဏာရဲ့ပုံစံကတစ်နှစ်အတွင်းပိုမိုထင်ရှားလာသည်။ဆံနွယ်​ြဖူဖြူ​တွေနှင့်ဆက်က​ေယာက်ျားလေးတွေရောမိန်းကလေးတွေကြားမှာပါရေပန်စားလှသည်။အာဏာကတော့မျက်ခုံးထင်းထင်း၊ဇာမဏိလိုမျက်ဝန်းနှင့်ဖွ့ံဖြိုးကြီးထွားမှုမြန်ဆန်သောကြောင့်ရွယ်တူများထဲထင်းထွက်နေသည်။
ဆက်ကိုတော့ခင်ကြပေမယ့်အာဏာကိုတော့ဘယ်သူမှမကပ်ရဲကြချေ။ကပ်လာသူများမှာလည်းနောက်ခံ
ကြောင့်မှန်းသိသာနေသောကြောင့်ခပ်တန်းတန်းသာဆက်ဆံသည်။
တိမ်ယံရဲ့မိဘတွေကTop6တွင်ရပ်တည်နေသော စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တာကြောင့်ကျောင်းတွင်သူတို့အဖွဲ့ကိုလာမစရဲကြ။
ပုံမှန်အားဖြင့်Top10ဝင်သောစီးပွားရေးလုပ်ငန်းရှင်များသည်ကွာဟချက်မများလှသည့်အတွက်နေရာကအချိန်နှင့်အမျှပြောင်းလဲနေသည်။ယခုအချိန်တွင်ပိုင်ဆိုင်မှုများပြားလှသောဆက်ကများ​​ြပားလှ​သော
စီးပွား​​ရေးသမားများ၏ပစ်မှတ်ဖြစ်နေသည်။
အန်ကယ်ကတွေ့ဆုံပွဲတွေကိုမခေါ်သွား၍သာတော်တော့သည်။မဟုတ်လျှင်
စေ့စပ်ပွဲများတောင်လိုပုံနေမည်မှာမလွဲ။
တစ်နေ့နေသားကျနေသောဘဝထဲမုန်တိုင်တစ်ခုဝင်ရောက်လာသည်။

**************
*****************
ဉီးရှိန်သာတောင်လိုပုံနေသောအလုပ်များကြောင့်ပုံမှန်ထက်နောက်ကျနေသည်။.အခု project မှာအမြတ်ငွေများများရမည်မှာသေချာသဖြင့်ထိပ်သီးပိုင်းတော်တော်များများကလိုချင်ကြသည်မို့projectရရန်ပုံမှန်ထက်ကြိုးစားနေရသည်။

*ပြန်ရောက်ရင်အသက်ကိုအရင်ချော့ရမယ်*

'တီ...တီ.....'

ထိုစဉ်ဝင်လာသောဖုန်းကြောင့်contact name ကိုကြည့်လိုက်တော့အသက်....

"Hello အသက်ဘာဖြစ်...."

"ဟင့်..ဟင့်.အစ်ကိုရယ်လုပ်ပါဉီးသားဆက်နဲ့အာဏာပြန်ပေးဆွဲခံရလို့တဲ့..ဟင့်..."

ဖုန်းကိုင်လိုက်သည်နှင့်ကြားလိုက်ရသောသတင်းစကားတို့ကြောင့်စိတ်အစဉ်တို့ထူပူသွားကာထိုင်ခုံလက်ကိုင်ကိုကိုင်ထားသောလက်တို့တင်းကြပ်သွားရသည်။

Rebirth for (BL) (completed) Where stories live. Discover now