" အရသာ ဘယ်လိုနေလဲ "

" ဒီနေ့အရသာကတစ်မျိုးပဲ … အရမ်းမချိုပေမဲ့ ကောင်းတယ် … ပြီးတော့ကိုယ့်ကိုအမောပြေစေတယ် "

ရှုမန်းရဲ့ချီးကျူးစကားကြောင့် ရန်အာ သွားဖြူဖြူလေးတွေပေါ်တဲ့ထိ ပြုံးပြလိုက်တယ် … ပြီးနောက် သူက ရှုမန်းရဲ့ဘေးမှာ ကပ်လျှက်ဝင်ထိုင်လိုက်ပြီး …

" စောစောက ဒေါသကြီးနေတာ ဘာကြောင့်လဲဟင် "

ထိုအခါမှ ရှုမန်းမျက်နှာ ပြန်တည်သွားပြီး …

" ခုရှန်ဟွှာရန်းက လုပ်ပိုင်ခွင့်တွေကို ရှန်ဖန်းဂူကို တရားဝင်လွှဲပြောင်းပေးဖို့ကြေငြာလိုက်ပြီ … ဒိထပ်နောက်ကျမယ်ဆိုရင် ငါ့ရဲ့အစီစဉ်တွေအားလုံးကအလကားပဲ "

" ဒါပေမဲ့ ခုလုပ်ပိုင်ခွင့်က ကိုကို့လက်ထဲမှာမဟုတ်လား … စာချုပ်အမြန်ချုပ်နိုင်ရင် သခင်ဖန်းဂူကိုလွှဲပြောင်းပေးရင်တောင် ဒါကကိုကို့အပိုင်ဖြစ်သွားပြီလေ "

" အဲ့ဒါကမလွယ်ကူဘူး … စာချုပ်ချုပ်ဖို့က ကိုယ်တစ်ယောက်ထည်းနဲ့မပြီးဘူ "

" ရန်အာ ကူညီမယ်လေ "

" မင်းက ဘယ်လိုကူညီမှာလဲ "

ထိုအခါ ရန်အာက ထသွားပြီး ဖိုင်တစ်ချို့ကိုယူလာကာ ရှုမန်းအရှေ့ချပေးလိုက်တယ် …

" ဒီမှာ ကိုကို့လက်မှတ်ရှိနေရင် စာချုပ်က တရားဝင်သွားပြီ … ရှန်ဟွှာအတွက်စိတ်ပူစရာမလိုတော့ဘူး … ပိုင်ဆိုင်မှုတွေကို ဖြေးဖြေးချင်းယူလို့ရတယ် "

" ဒါက သဘောတူညီမှုစာချုပ်မျိုးလား … တရားဝင်ပါ့မလား … ငါ့အတွက် ပိုင်ဆိုင်မှုတွေတကယ်ရမှာလား "

" ဒါပေါ့ … ကျွန်တော်ဘယ်တုန်းက ညာဖူးလို့လဲ … အရာအားလုံးက ကိုကို့အတွက်ကြီးပဲ "

ရှုမန်း စိတ်တွေရှုတ်ထွေးနေတာကြောင့် ဘာမှမစဉ်းစားပဲ ရန်အားပေးသမျှစာရွက်တိုင်းအပေါ်လက်မှတ်တွေ ရေးထိုးလိုက်တယ် … အားလုံးပြီးသွားတော့ ရန်အာကစာရွက်တွေအားလုံးကို စနစ်တကျ ပြန်သိမ်းလိုက်တယ် … သူက စာရွက်ဖိုင်ကို ကျေနပ်စွာကြည့်ရင်း သူ့ရဲ့အပြုံးတွေက ပဟေဠိဆန်စွာပင်  ……

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now