မနက်စာ သူကြိုက်တဲ့ ပုဇွန်ထမင်းကြော်လေး
ကျွေးတော့ သေချာ စားနေတယ်။

”ချာတိတ် ဦးတို့ အဝေးကြီးကို ထွက်မသွားချင်
ဘူးလားဟင် ”

မုန်းမိုင် မေးတော့ စားနေတာက ခဏရပ်သွားကာ။

”အင် လူတွေ မရှိတဲ့ နေရာမှာနေချင်တယ် ”

သူတို့ နှစ်ယောက်လုံး ပတ်ဝန်းကျင်
တွေကို စိတ်ကုန်နေပြီ........။

ခန့် ကို မတွေ့တာကြာလို့ မေးတဲ့သူတွေကလည်း
မေးနေကြတာကြောင့် ဟန်ဆောင်
နေရတာလည်း ပင်ပန်းလွန်းတယ်။

”ပြီးရင် အလုပ်သွားမလို့ ချာတိတ် လိုက်ခဲ့နော် ”

မုန်းမိုင်ပြောတော့ အစားမပျက်ခေါင်း
လေးသာ ငြိမ့်ပြတယ်။

ခဏအကြာစားသောက်လို့ပြီးတော့
အဝတ်အစားနှစ်ယောက်လုံးလဲလိုက်ကြတယ်။

”ဦး သားပြီးပြီ ”

ဆွယ်တာ အပွကြီးကို အနက်ရောင်ဘောင်းဘီ
တိုလေးနဲ့ ချစ်စရာ.......။

နှစ်ယောက်လုံး ကားပေါ်တက်ကာ
ရုံကို ချီတက်လာလိုက်တယ်။

ရုံးရောက်တော့ မုန်းမိုင် ဘာကိုမှဂရုမစိုက်ပဲ
ထူးပိုလေးကို တွဲထုတ်ကာ ကြင်ကြင်နာနာလေး
ခေါ်လာလိုက်တယ်။

လူတွေ ပြောသံကြားပင်မဲ့ ဂရုမစိုက်နိုင်.......။

”ချာတိတ် ဖြေးဖြေးလျှောက် ”

”ဒါပြီးရင် မုန့်သွားစားကြမလား ”

”ဦး နဲ့ အရင်လို ညစျေးမှာ သွားစားကြမလား ”

မုန်းမိုင် ရုံးခန်းမရောက်မချင်း ထူးပိုလေးကို
စကားတွေ ပြောနေမိတယ်။

ပတ်ဝန်းကျင်ကို အာရုံမစိုက်စေချင်တာကြောင့်
ပေါ့.......။

မုန်းမိုင် ရုံးခန်းရောက်တော့မှ
စကားပြောနေတာကို ရပ်တန့်လိုက်တယ်။

ရုံးရောက်တာနဲ့ သူလည်း လုပ်စရာရှိတာတွေ
လုပ်နေသလို ချာတိတ်ကလည်း ကားတွန်းကာ
ကြည့်နေတယ်။

”ဦး အရမ်းစပ်တာစားချင်တယ် ”

မျက်နှာငယ်လေးနဲ့ တောင်းဆိုလာတဲ့ ကောင်လေး
ကို ကျွေးချင်ပင်မဲ့ သူပဲ ဒုက္ခ ဖြစ်မှာ.......။

ရမ္မက် ( LUST) Where stories live. Discover now