ဒါရိုက်တာလျိုသည် အခုအချိန်မှာ 'ကျ'ချိန်ရောက်နေပြီဖြစ်သော်လည်း အနုပညာလောကတခုလုံးမှာ သူ့အား ဒီလိုလေသံဖြင့်ပြောဆိုဝံ့တာ ကျောက်ချင်းယွမ် တယောက်သာရှိလိမ့်မည်။

“ဒီကလေးကတော့!”

ဒါရိုက်တာလျိူက သူ့အားအမှန်တကယ်စိတ်မဆိုးပေ။ သူက သူ့နံဘေးနားထိုင်နေသည့် ယွီချင့်ဟွမ်အားကြည့်လို့ သူ့ကိုပြက်ရယ်ပြုလိုက်တာက

“သူ့ကို သိလို့လား?”

“ဒါပေါ့”

ကျောက်ချင်းယွမ်က ပြုံးလို့ ယွီချင့်ဟွမ်၏ လည်ပင်းကိုသိုင်းဖက်လိုက်ကာ

“ဒါကျွန်တော့်ဘော်ဒါ”

မျက်စိဆံပင်မွှေးစူးလာသည့်အတွက်ကြောင့် ယွီချင့်ဟွမ်မှာ သူ့လက်အားပုတ်ချလိုက်၏။ ကျောက်ချင်းယွမ်မှာ စိတ်မဆိုးသည့်အပြင် ပိုလို့တောင်အနားတိုးကပ်လာကာ သူအားပလာစတာကဲ့သို့တွယ်ကပ်ဖို့ကြိုးစားနေ၏။

ဒါကိုမြင်လိုက်ရင် ဒါရိုက်တာလျိူသည် ခေါင်းကိုညိတ်ပြီးပြုံးလိုက်ကာ

“ချင့်ဟွမ်ကလိမ္မာတဲ့ကလေး...မင်းသူ့ကို သွားအနိုင်ကျင့်မနေနဲ့...”

ကျောက်ချင်းယွမ်က သူ့မျက်လုံးများကို ​စွေ​စောင်းပြီး​တော့သာ တုံ့ပြန်လေသည်။

သူတို့စည်းကိုက်ဝါးကိုက်စကားကောင်းနေကြစဉ် ကျန်သည့်လူအများကတော့ ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ကြ၏။

ကျောက်ချင်းယွမ်ကဘယ်အချိန်ကြီးရောက်လာပါလိမ့်? သူတို့ ဘာလို့တ​ယောက်မှ မသိလိုက်ရတာလဲ..?

သူဟာအကောင်းဆုံးသရုပ်ဆောင်ဆုလည်း ရထားသေးတယ်..ပြီးရင် ဒီဥစ္စာကလည်း သူ့ဇာတ်ကား ပါတီပွဲ...

ဘာလို့ပုန်းလျိူးကွယ်လျိူး​​တွေလုပ်နေရတာလဲ...?
သူတို့ထဲမှာ ဘယ်သူကမှစွန်းဝူခုန်းမျက်လုံးမျိုး
ရှိမနေဘူးလေ...သူတို့က သူ့ကိုဘယ်လိုသတိပြုမိမှာလဲလို့...?

ယွီချင့်ဟွမ်ကိုမျက်စိထဲမထည့်မိသူတွေကတော့ ခုချိန်မှ ဝမ်းနည်းပန်းနည်းတွေဖြစ်ကုန်နေ​လေပြီ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now