" ဟက်...အကိုရာ..."

ဆန်းထူး နဲ့ဖုန်းပြောပြီးနောက် ဂိုဏ် ကကား
ပေါ်ကဆင်းလိုက်ကာ ကောင်လေး နေသည့်
အိမ်ရဲ့ခြံတံခါးမှာတပ်ဆင်ထားတဲ့ Bell ကို
လှမ်းနှိပ်လိုက်သည် ။ Bell သံမြည်သွားပြီး
နောက် တံခါးလာဖွင့်တဲ့သူမရှိခဲ့ပေမယ့် ဂိုဏ့်
နောက်ကမိန်းကလေးတစ်ဦးရဲ့အသံကို
တော့ကြားလိုက်ရသည် ။

" ဘယ်သူလဲရှင့်.."

ဂုဏ် နဲ့အနည်းငယ်လှမ်းတဲ့နေရာမှာရပ်ထား
သည့် ကားပေါ်ကဆင်းလာတဲ့ မိန်းကလေး က
ဂိုဏ် ရှိနေတဲ့နေရာကိုခပ်သွက်သွက်လေး
လျှောက်လှမ်းလာသည် ။ နောက်မှာကျန်ခဲ့
သည့်ကားပေါ်က အမျိုးသမီးတစ်ယောက်က
လည်း ဂိုဏ် တို့ကိုလှမ်းအကဲခတ်နေဟန်ဖြင့်
ကြည့်နေခဲ့သည် ။

" သော် တို့အိမ်ကိုလာတာလားဟင်...ဘယ်သူနဲ့
တွေ့ချင်လို့လဲ "

" ရှိုင်းစေ နဲ့လာတွေ့တာပါ... "

ဂုဏ့် နှုတ်က ရှိုင်းစေ လို့ထွက်လိုက်တာနဲ့
သော်နန်းစံ စိတ်မကြည်တော့ပေ။ ဒါပေမယ့်
မျက်စိ​ရှေ့မှာရှိနေတာက မြန်မာနိုင်ငံရဲ့အငယ်
ဆုံးထိပ်သီးလုပ်ငန်းရှင်လေ...ေသာ်နန်းစံ စိတ်
မကြည်သည့်တိုင် မျက်နှာမှာမပေါ်စေဘဲအ
တက်နိုင်ဆုံးပြုံးထားရသည်။

" ရှိုင်းလေးလား....အဲ့ကောင်လေး အိမ်ကိုပြန်မ
လာဘူးလေ..သူ့သူငယ်ချင်းတွေအလည်လွန်နေတယ်ထင်ပါ့ရဲ့..."

ကားပေါ်ကဆင်းလာတဲ့ ဒေါ်စိုးနန်းစံက သမီး
ဖြစ်သူနားအမြန်လျှောက်လာပြီး ရှေ့ကလူ
ငယ်လေးကိုလည်းအကဲခတ်နေသည်။

" ဘယ်သူလဲ...သမီးအသိလား "

ဒီနှစ်ရက်လုံးပင်ပန်းနေခဲ့တာကြောင့်နွမ်းလျ
နေတဲ့ပုံဖြစ်နေသည့်တိုင် ချောမောခန့်ညားနေ
ဆဲဖြစ်တဲ့ ဂုဏ် ကို ဒေါ်စိုးနန်းစံ အတော်မျက်
စိကျနေသည် ။ ရှိုင်းစေ ကိုလာရှာတာမှန်းသိ
ပေမယ့်တမင်စကားရှာရင်း ဂုဏ် နဲ့ရင်းနှီးမှုယူ
ဖို့စဥ်းထားထားလေသည်။

" ဟို....သား အိမ်ထဲဝင်ပါဦးလား...ရှိုင်းစေ
ခဏနေဆို ပြန်လာတော့မှာပါ "

" နေပါစေတော့....ကျွန်တော်အလုပ်လဲရှိသေး
လို့...ရှိုင်းစေ ပြန်လာမှဘဲ ကျွန်တော် ထပ်လာ
ခဲ့ပါ့မယ် "

💞 Eternal Love 💞 { Completed }Where stories live. Discover now