မှာထားတဲ့ သံပုရာရည်ရပြီအထင်နဲ့ ဆွဲယူပြီ
ဟိုနှစ်ယောက်ဆီ ပြန်သွားဖို့လုပ်နေချိန်
နောက်ကနေ အကျီလည်ဂုတ်ကို ဆွဲမြောက်ထားတဲ့သူ
နောက်ပြန်လှည့်ကြည့်ပြီး ဘာအထာလဲဆိုတဲ့ သဘောနဲ့ ရန်ပြန်တွေ့လိုက်သည်
ရှောင်းကျန့်ကို အနိုင်ကျင့်ချင်လို့ မရ
ဒီဘဝမှာ ရှောင်းကျန့်လေးက လူမိုက်လေး"ခင်များဘာလုပ်တာလဲ "
"သူများမှာထားတာကို အဲ့လိုယူသွားလို့ရလား ပိစိ "
ရှောင်းကျန့်ဆိုတာ လွယ်လွယနဲ့ စိတ်မတိုတတ်တဲ့ သူမျိုးဆိုပေမယ့်
ခုများတော့ ဒေါသထဖစ်လွန်းလို့
ကိုယ့်ကို ပိစိတဲ့လေ ခြောက်ပေကျော်တဲ့သူ့ကို
သေးတယ်လို့ ပြောတာလောက် စိတ်တိုစရာကောင်းတာမရှိ
စိတ်တိုလွန်းလို့ ရင်တွေတောင်တုန်လာပြီ"ဘာတွေလာပြောနေလဲ ဒါကျနော်မှာထားတာဗျ "
"ဟုတ်လို့လား ကိုယ်ကြားတာတော့ ပိစိမှာလိုက်တာ သံပုရာရည် လားလို့ "
ပြီတီတီမျက်နှာကြီးနဲ့ ပြောမှ လက်ထဲက
အချိုရည်ခွက်လေးကို ကြည့်လိုက်တော့ ပန်းရောင်ကြီး
ဟီးးး ရှောင်းကျန့်လေးမှားသွားတာ
ဒါပေမယ့် မတောင်းပန်နိုင်ဘူး ရှောင်းကျန့်ကို ပိစိလို့စော်ကားတဲ့သူကို
ပြီးတော့ ဒီလူ့ကို မြင်ဖူးသလိုပဲ*Xiao Paingရေ
သိလား ဘယ်သူကြီးလဲ မြင်ဖူးနေသလိုပဲ **မေ့တတ်လိုက်တာ hostရယ်
မနေ့က ပြတဲ့ ဇာတ်လိုက်မိန်းကလေးရဲ့
crushလေ**အာ..မှတ်မိပြီ ချာဆူမင်ဆိုတဲ့ တစ်ယောက် *
"ဒီမှာ အကိုကြီး ကျနော်မှားသွားတာ
ဆိုပေမယ့် ပိစိလို့ အခေါ်ခံလိုက်ရတာ ကျနော် ရော့ လိုချင်ရင် ပြန်ယူသွား"ခပ်တည်တည်နဲ့ လက်ထဲပြန်ထည့်ပေးတဲ့ ပိစိလေးကို ချာဆူမင် တမင်စနေခြင်း
ဖြူလုံးပိစိလေးရှေ့ရောက်လာကတည်းက သတိထားမိနေတာ ဘယ်ကနေဘယ်လို စကားပြောရမှန်းမသိ
အထက်တန်းကျောင်းသားဝတ်စုံလေးနဲ့မို့ ဒီကျောင်းက မဟုတ်မှန်း သိလိုက်သည် တခြား
ဘယ်သူနဲ့ စကားမပြောချင် မခင်ချင်ပေမယ့် ဒီပိစိလေးနဲ့ တော့ စကားပြောချင်သည်
မထင်ရဘူး ပိစိလေးက အစွာလေး
YOU ARE READING
ဆန်းဆန်းကြီး system
Fanfictionကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့
Arc 4.3
Start from the beginning