"ဟေ့..ဟေ့.."
အတွေးထဲဘယ်လောက်နှစ်​ေမျ​ာသွား မှန်းမသိ။အာဏာ၏ခေါ်သံကြားမှသာအသိဝင်လာ
သည်။
ဒါဟာသူ့အတွက်ဒုတိယအခွင့်အရေး

*ဘယ်သူမှန်းမသိပေမဲ့အခွင့်အရေးအတွက်ကျေးဇူးပါ*

"အွင်း... အာဏာပြောလေ.."

"ဖေဖေနဲ့ မေမေကမနက်စာစားရအောင်ခေါ်ခိုင်းလို့.."

"အင်း..ကိုကို လာခဲ့မယ်"

ပြောပြီးသည်နှင့်အခန်းထဲမှခပ်သွက်သွက်
ထွက်သွားသောအကေင်ပေါက်။

*အားယား..အရင်ဘဝကဒီလောက်ချစ်ဖို့ကောင်းတဲ့ကောင်လေးကိုမုန်းခဲ့ရတယ်လို့*

အိပ်ရာပေါ်မှထကာရေချိုးခန်းထဲသို့
ဝင်သွားလိုက်၏
မှန်ပေါ်တွင်ငွေရောင်ဆံနွယ်၊နို့နှစ်ရောင်အသားအရေ၊ကော့စင်းနေသောမျက်တောင်ရှည်တို့နှင့်အသက်၇နှစ်အရွယ်ကလေးတစ်ယောက်၏ပုံရိပ်..
သူ၏အသက်၇နှစ်အရွယ် မားနှင့်ပါးတို့
accidentကြောင့်ဆုံးပါးသွားချိန်တွင်ပြန်လည်မွေးဖွားလာခြင်းပင်။
အရင်ဘဝကအသက်၈နှစ်အရွယ်တွင်ပါးနှင့်မား တို့၏ဆွေမျိုးဝေး၂ဝမ်းကွဲ၃ဝမ်းကွဲအစ်ကိုအမများရောက်လာကာ
ပိုင်စိုးဆက်အားမွေးစားရန်ကြံစည်ကြသည်။

သူတို့၏အပြောချိုချိုများကြောင့်၈နှစ်အရွယ်ကလေးတစ်ယောက်အနေနှင့်အမှန်ပင်ယုံခဲ့မိသည်။အဖိုး၊အဖွား များကလည်းစောစောကွယ်လွန်သွားသဖြင့်ဉီးလေး၊ဒေါ်လေးတို့သာဆွေမျိုးနီးစပ်ရှိတော့သဖြင့်
ဆွေမျိုးများနောက်လိုက်ရန် ဆန္ဒ ရှိခဲ့သည်။

အန်တီလဲ့လဲ့ရီနှင့်အန်ကယ်ရှိန်သာတို့ကသူတို့ရဲ့အမွေလိုချင်စိတ်​​ေတွကိုသိတာကြောင့်
သူ့အားတားခဲ့ကြသည်။
မားနှင့်ပါးတို့မှာY​ြမို့​ေတာ်၏Top3စီးပွားရေး လုပ်ငန်းရှင်ဖြစ်သဖြင့်'ဆက်'အတွက်ဗီလာ္၁၀လုံး၊လက်ဝတ်လက်စား၊fashion shop၊ကိုယ်ပိုင်လေယာဉ်ကွင်းများ၊Top3ကုမ္ပဏီ ဖြစ်တဲ့YU ကုမ္ပဏီ များအမွေအဖြစ်ချန်ထားခဲ့သဖြင့် ချမ်းသာမှုTop10မဝင်သောဆွေမျိုးများအတွက်သရေ ကျစရာင်။

ဒါတွေကိုသိတာကြောင့်မားနဲ့ပါးတို့က ဆက်အရွယ်မရောက်ခင် အမွေ​​​ေတွွကိုထိန်းသိမ်းဖို့
သူငယ်ချင်းဖြစ်သောအန်တီနှင့်အန်ကယ်တို့အားအုပ်ထိန်းခွင့်ပေးခဲ့သည်။
ဒါကိုမကျေနပ်တဲ့ဆွေမျိုးတွေကဆက်ကို
သွေးထိုးစကားဆိုခဲ့သည်။ငယ်သေးသဖြင့်
ထိုဆွေမျိုးများ ၏အမွေလိုချင်လို့မွေးစားတာဟူသောသွေးထိုးစကားများအား
ယုံခဲ့မိသည်။

Rebirth for (BL) (completed) Where stories live. Discover now