သစ္ခြပင္ကို ယူလာမိၿပီ🍂

Start bij het begin
                                    

"ဒီတစ်ခေါက်တော့ ပန်းတွေရှာမရတော့ဘူးပဲ...."

သူလာရာ လမ်းအတိုင်း ပြန်လာခဲ့သည်။ တစ်နေရာအရောက်မှာ သစ်ပင်ကြီးတစ်ပင်ကို ကပ်တွယ်ပြီးပေါက်နေတဲ့ သစ်ခွပင်ကို သူတွေ့တယ်။ သူအရမ်းပျော်သွားတယ်။ သစ်ခွတွေက ဒီဘက်မှာရှားတယ်။ သူလဲသစ်ခွပင်ကို သေချာခွာယူပြီး အိမ်ကိုသယ်လာခဲ့တယ်။

"Nancy ရေ....အဖိုးအို Rayကို လာတွေ့တဲ့သူရှိတယ် "

အဖိုးအိုဟာ ပုံပြင်ပြောနေခြင်း ကိုရပ်လိုက်တယ်။ သူဟာ သူနာပြုမလေး ခေါ်ရာကို လိုက်သွားတယ်။ ဥယျာဉ်ထဲက ခုံတန်းလျားတစ်ခုမှာ ကောင်ငယ်လေးတစ်ဦးထိုင်နေတယ်။ သူ့ကိုကြည့်ရတာ ပူဆွေးနေသလိုပဲ။ Nancy ဟာအနားရောက်တဲ့အထိ wheelchair ကိုတွန်းသွားလိုက်တယ်။ အနားရောက်တော့ သူမကောင်ငယ်လေးကို သေချာကြည့်လိုက်တယ်။ ကောင်ငယ်လေးသည် အလွန်ကို ချောမောခန့်ညားသည်။ ထိုကောင်ငယ်လေး ကစကားပြောလာသည်။

"Ray ကမင်းကို ပုံပြင်ပြောနေတာလား..."

Nancy အယောင်ယောင်အမှားမှားနဲ့ ခေါင်းငြိမ့်လိုက်တယ်။ ကောင်ငယ်လေးဟာ ရီမောရင်းနဲ့ အဖိုးအိုကိုအဝေးကို တွန်းသွားတယ်။ Nancy အနားကို ဆရာဝန်တစ်ဦးရောက်ပြီးပြောတယ်။

"အဲ့တာ Rayရဲ့မြေးလေ ချောတယ်မလား...သူကအရမ်းအရွယ်တင်တာပဲ သူလာတိုင်းအဲ့လိုချောမောတဲ့ရုပ်နဲ့ပဲ...တော်တော်ဂရုစိုက်တယ်ထင်တယ် "

"အယ်..အဲ့လိုလား.."

"အင်း..မင်းသွားနားချင်နား...သူကအကြာကြီးနေဦးမှာ..."

"ကောင်းပြီလေ...ကျွန်မ အဘွားအို Arin ဆီသွားဦးမယ်"

သူနာပြုမလေးလည်း ထွက်သွားသည်။ အဖိုးအိုနဲ့လူရွယ်ဟာပန်းပင်တွေ နားမှာထိုင်ပြီး စကားပြောနေကြတယ်။ ဒေစီပန်သေးသေးလေးတွေဟာ အဖြူ၊ အဝါ ရောင်စံပွင့်နေတယ်။ ကျူးလစ်ပန်းလေးတွေလည်းရှိနေတယ်။

"မင်းကိုမလာပါနဲ့တော့လို့ ပြောတယ်လေ"

"ကျွန်တော်မှမနေနိုင်တာRayရယ်"

Pan ဟာ Ray ဗိုက်နားမှာ မျက်နှာအပ်ပြီး ငိုကြွေးနေတယ်။ Ray ဟာ ကောင်ငယ်လေးရဲ့ခေါင်းကို ပွတ်ပြီးချော့နေတယ်။

Black OrchidWaar verhalen tot leven komen. Ontdek het nu