"သွေးထွက်လွန်သွားလို့သွေးသွင်းရမယ်"
"ဟုတ်ကဲ့ ဒေါက်တာ သူကဘာသွေးလဲမသိဘူး"
"AB ပါ"
"ကျွန်တော်လည်း AB ပါ ကျွန်တော်ပေးပါ့မယ်"
"ဟုတ်ပြီ အဲ့ဒါဆိုဟိုဘက်မှာသွေးသွားစစ်လိုက်နော်"
"ဟုတ်ကဲ့ ဒေါက်တာ"
မင်းမြတ်သွေးနဲ့နှင်းကိုသွေးသွင်းခွင့်ရ၏။
ခွဲစိတ်ပြီး ဆရာဝန်ထွက်လာတော့
"ဆရာလူနာအခြေအနေဘယ်လိုရှိလဲဟင်"
"ကံကောင်းလို့ပေါ့ နောက်ထပ် 2 မီလီမီတာလောက်ထပ်နက်သွားရင်အသက်ဆုံးမှာ ပြီးတော့သွေးလဲအချိန်မှီသွင်းရလို့ပေါ့ အစကတော့ AB ကရှားလို့စိတ်ပူနေတာ လူနာရှင်နဲ့ကိုက်လို့တော်ပါသေးတယ်"
"ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးအများကြီးတင်ပါတယ်"
"ဟုတ်ပါပြီ ဒါပေမယ့်သတိရဖို့တော့ခဲယဉ်းဦးမယ်"
"ဘာလို့လဲ ဆရာ"
ဆရာက အပြင်မှာပြောဖို့အဆင်မပြေလို့ထင်ပါသည်။ ရုံးခန်းထဲမှာ ပြောဖို့ခေါ်တာကြောင့်မင်းမြတ်လည်းလိုက်သွား၏။
"လူနာက ကိုယ်ဝန်ဖျက်ချထားတယ်မလား"
"ဟုတ် ဟုတ်ပါတယ်"
"အဲ့အတွက်ကြောင့် လူနာကအားအင်လျော့နေပြီးသတိရဖို့ ခဲယဉ်းတာပါ ကိုယ်ဝန်သာဖျက်မချထားရင်ဒီလောက်ထိဖြစ်မှာမဟုတ်ပါဘူး"
"ဟုတ်ကဲ့ ဒေါက်တာ ဘယ်လောက်လောက်ထိမေ့နေနိုင်လဲဟင်"
"အနည်းဆုံးတစ်ပတ်ပါ အများဆုံးကတော့မပြောနိုင်သေးပါဘူး"
"ဟုတ်ကဲ့ပါ ဒေါက်တာ"
💢💢💢
မျက်လုံးဖွင့်လိုက်တော့ ပထမဆုံးမြင်လိုက်ရသည့်ဆေးရုံမျက်နှာကျက်ကြောင့်ဆေးရုံရောက်နေမှန်းသိလိုက်၏။
"သတိရလာပြီလား"
အသံပိုင်ရှင်ကမင်းမြတ်
"ကျွန်မမသေဘူးလားဘာလို့လဲ"
"အဲ့လောက်တောင် သေချင်နေတာလား"
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...
Part 10
Start from the beginning