ထို့နောက် ဆေးလိပ်တစ်လိပ်ကို မီးဖွာပြီး Tayကို ဟန်ပါပါ
သောက်ပြနေသည်~~။

Tayမျက်နှာအမူအရာ အမြန်ထိန်းပြီး toiletထဲ
ဝင်လာခဲ့သည်~~။ပြန်ထွက်လာတော့ ထိုကောင်လေးက
နောက်တစ်လိပ်ထပ်ထုတ်နေသည်~~။

*ကျစ် ခနလေးအတွင်းမှာ ဘယ်လိုတောင်သောက်လိုက်
တာလဲ~~~~*

စိတ်ထဲမှာသာ ဝုန်းဒိုင်းကျဲနေပမယ့် အပြင်မှာတော့ Tay
မျက်နှာတည်တည်ဖြင့် လက်မြန်မြန်ဆေးကာ ထွက်လာ
ခဲ့သည်~~~။

"အဟက်~~"

နောက်ဆုံးထိုကောင်လေးရဲ့  လှောင်ရီနေသည့်အပြုံးမျိုးကို
မြင်လိုက်ရ၍ Tayခြေလှမ်းတွေလေးနေမိသည်~~။

*မလိုက်ပါ~~~ထိုကောင်လေးနဲ့ ဒီလိုပုံစံနဲ့လုံးဝကို
မလိုက်ဖက်ပါ~~~*

Tayကိုယ့်ကိုကိုယ်တောင် မသိလိုက်ဘဲ toilet
ဘက်သို့ ပြန်လှည့်လာမိပြီဖြစ်သည်~~~။

မျက်လုံးဝိုင်းဝိုင်းလေးကိုမှေးမှိတ်ထားပြီး ဆေးလိပ်ကို
အဖော်မှတ်ကာသောက်နေသောကောင်လေး~~~

"မင်းဘာတွလုပ်နေတာလဲ!!!"

မျက်လုံးဝိုင်းဝိုင်းလေးတွေက Tayကိုလှည့်ကြည့်တဲ့အချိန်
အရင်လို အသက်မပါတော့ချေ~~~။

"ခင် များ နဲ့ ဘာ ဆိုင် လို့ လဲ!"

တစ်လုံးချင်း မထီမဲ့မြင်ပြောသောNewရဲ့စကားများကြား
Tayယိုင်လဲသွားချင်မိသည်~~~။

ထိုကောင်လေးကို ဒီပုံစံဖြစ်အောင် Tayလုပ်မိပြီလား~~~။

"ဘာတွေလျှောက်လုပ်နေတာလဲ ဒါမင်းပုံစံမှမဟုတ်တာ!"

"ဒါကျွန်တော့်ပုံစံမဟုတ်မှန်း ခင်များကဘယ်လိုသိလဲ!!"

Tayစကားများရပ်တန့်သွားရသည်~~~။
သူ့ကို အမြဲချောင်းချောင်းကြည့်ခဲ့သောကောင်လေးကို
Tayလည်း အမြဲအရိပ်တကြည့်ကြည့် ကြည့်နေခဲ့တဲ့
အကြောင်းကို ထိုကောင်လေးအား ဆက်မပြောနိုင်တော့ပေ။

"တစ်ယောက်ယောက် မြင်သွားရင်မင်းပြသနာတက်
လိမ့်မယ်"

"ကောင်းတာပေါ့!!"

"ကျစ် မင်းဘယ်လိုဖြစ်နေတာလဲ ငါမင်း စီနီယာ
တစ်ယောက်အနေနဲ့ပြောနေတာ!!"

F4( GMM Version)Z/UWhere stories live. Discover now