အနှစ်နှစ်အလလကလွမ်းနေခဲ့ရတဲ့ Baby
Bunny လေးကို မာန့် ရင်ခွင်ထဲဆွဲပွေ့လိုက်
တော့ ခန္ဓာကိုယ်သေးသေးလေးကရင်ခွင်ထဲ
မှာအံ့ဝင်ခွင်ကျဖြစ်လျှက်...။ Baby နဲ့ဝေးခဲ့ရ
ပြီးနောက်ပိုင်းမှာ တစ်ခါမှကျခဲ့ခြင်းမရှိတော့တဲ့ မာန့် မျက်ရည်တွေကအခုချိန်မှာတော့
Baby ပါးပေါ်တစ်စက်ချင်းကျနေခဲ့သည် ။

မာန် ရင်ခွင်ထဲမေ့မျောနေတဲ့ Baby Bunny
လေးကိုပွေ့ချီလိုက်စဥ် Baby လည်တိုင်ပေါ်
ကနီရဲနေသည့်ကိုက်ရာအကွင်းလိုက်ကို မြင်
လိုက်ချိန်မှာတော့ မာန် စိတ်တွေထိန်းမရဖြစ်
လာခဲ့သည် ။ မာန့် ပိုင်ဆိုင်ရာလေးကိုလက်
တင်ရဲတဲ့ဘယ်အမျိုးယုတ်ကိုမဆို မာန် ကိုယ်
တိုင်ခြေမွပစ်မှာပင် ။

" ဘုန်းမင်း ဒီနေ့ကိစ္စကိုစုံစမ်းထားလိုက် "

" ဟုတ်ကဲ့..... Boss "

မာန့် လက်ထဲမှာတင်သတိလစ်မေ့မျောသွား
ရှာတဲ့ Baby Bunny လေးကိုစံအိမ်ရောက်
တဲ့အချိန်ထိ မာန့် လက်ထဲကမချနိုင်ခဲ့...။
ဆရာဝန်ရောက်လာပြီး ဆေးထိုးတာ ၊ ဆေး
ချိတ်ပေးတာတွေလုပ်နေစဥ်တောင် မာန့်
Baby လေးကိုရင်ခွင်ထဲမှာဘဲပွေ့ပိုက်ထားခဲ့
သည် ။

အနက်ရောင်မွေ့ယာပေါ်ခပ်လျောလျောမှီ
ထိုင်နေတဲ့ မာန့် ရင်ခွင်ထဲအိပ်ပျော်နေသည့်
Baby Bunny ကဖြူစင်သန့်ရှင်းနေသည် ။
အရင်ကလိုပါးဖောင်းဖောင်းလေးတွေအစား
ပိန်သွယ်သည့်မျက်နှာကျလေးကနေရာယူ
လာပြီး အရင်ကနို့ခဲလေးလိုအသားအရည်
လေးက အခုတော့စွဲမက်စရာကောင်းလောက်
အောင်ဖြူဖြူနုနုလေးဖြစ်လာသည် ။

မာန့် Baby Bunny ကဘုရင်တစ်ပါးလိုမြင့်
မြတ်တဲ့နေရာမှာရှင်သန်ရရင်တောင်မလုံ
လောက်တာ.... အခုလိုအခြေအနေဖြစ်စေတဲ့
လူတွေကို မာန် တစ်ယောက်မှမလွတ်ပေးမှာ
မဟုတ်ဘူး ။ Baby Bunny နဲ့ပြန်တွေ့ခဲ့သည့်
အချိန်ကိုစဥ်းစားမိတာနဲ့ မာန် စိတ်တွေဂနာမ
ငြိမ်ဖြစ်လာရသည် ။

............................

" Bunny လေးရေ...ဘာလို့အကြာကြီးအိပ်နေ
တာလဲကွာ...ကိုယ်..မင်းကိုအရမ်းလွမ်းနေပြီ..."

Baby Bunny အိပ်ပျော်နေတဲ့ ၂ ရက်လုံး
မာန် ဘယ်မှမသွားနိုင်သလို ဘာအလုပ်မှ
လည်းမလုပ်နိုင်ပေ..။ Baby အနားမှာဘဲတစ်
ချိန်လုံးကပ်နေပြီး ပါးလေးနမ်းလိုက် နဖူးလေး
နမ်းလိုက်ဖြင့်ကျေနပ်နေခဲ့ရသည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now