" ကျွန်တော်ဘယ်မှမသွားပါဘူး … ဒီအရုပ်လေးတွေကို သားလေးကြိုက်မယ်ထင်မိလို့ "

ဖန်းဂူ မင်းယွီကြည့်နေသည့်ဘက်ကိုကြည့်လိုက်တော့ လက်တစ်ဆုပ်စာဖြူလုံးလုံးယုန်ပေါက်လေးတွေနဲ့ တခြားအရုပ်ပေါက်စလေးတွေထားရှိထားပြီး ထိုအရှေ့မှာ အသက် ၂၀ ကျော်အရာရှိသားသမီးများထင်ရတဲ့အထက်တန်းလွှာက လူငယ် စုံတွဲလေးများ ရပ်နေကြတယ် …

" မင်းလိုချင်ရင် ကိုယ်ယူပေးမယ် "

ဖန်းဂူက ထိုနေရာကိုစိုက်ကြည့်ရင်း အတည်ကြီးပြောနေ၍ မင်းယွီ အမြန်တားလိုက်ရတယ် …

" မလိုပါဘူး … ရပါတယ် "

" ဘာလို့ရရမှာလဲ … ကိုယ်မယူနိုင်ဘူးထင်လို့လား "

" ဒါကဂိမ်းကစားမှရတာလေ … အကြွေစေ့နဲ့လဲကောက်မရဘူး "

" ဒီဂိမ်းကဘာမလို့လဲ … ကိုယ်မကစားနိုင်ရလောက်အောင်ထူးခြားနေလို့လား "

" ဂိမ်းက စာရွက်ကိုအသည်းပုံလေးခေါက်ပြီး လက်ဆောင်ပုံးထဲကိုပြစ်ရတာ … အကို့အတွက်တော့ လူတစ်ယောက်ကိုသေနတ်နဲ့ပြစ်တာလောက်အလွယ်ဘူး … ပြီးတော့ သူတို့ကလူငယ်တွေလေ … အကိုသွားကစားမှထူးဆန်းနေအုံးမယ်  "

မင်းယွီကသတိလက်လွတ်အကိုဟုသုံးနှုန်းလိုက်တဲ့စကားက ဖန်းဂူရင်ထဲမှာပန်းတွေပွင့်လာပြီး ပြုံးသွားလေတော့တယ် … သူကမင်းယွီနား ကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ် …

" ဒါဆို ကိုယ်တို့ လူကြီးတွေကစားတဲ့ ကစားနည်းလေးပဲသွားကစားရင်မကောင်းဘူးလား "

" ဗျာ  … ခများ ဘာကိုပြောတာလဲ "

ဖန်းဂူက ထိပ်လန့်သွားပုံပေါ်တဲ့ မင်းယွီပခုံးလေးကို လက်ဖြင့်ဖိလိုက်ပြီး …

" လုယီလေးကိုတောင်ရပြီးနေပြီကို ကစားနည်းခုထိမသိသေးဘူးလား … မနေ့ကကစားတာတောင်မင်းရှုံးခဲ့သေးတယ်လေ … ပြီးတော့ ကိုယ့်ကို အကိုလို့ခေါ်ပါ ခများလို့မသုံးနဲ့ကြားလား "

" ဟင် … အကို … မဟုတ် Boss ကျွန်တော်တို့ သွားကြရအောင် "

ရှန်ဖန်းဂူက သူ့ကိုကျောခိုင်းကာထွက်သွားရန်ပြင်နေတဲ့ မင်းယွီအား အနောက်ကနေကြည့်မိတော့ နီရဲနေတဲ့ နားလေးတွေကိုမြင်သွားပြီးသဘောကျစွာပြုံးလိုက်မိတယ် … ဒီအိုမီဂါလေးကတော့တစ်နေ့တစ်ချားပိုပိုပြီးချစ်ဖို့ကောင်းလာတယ် … ဒါပေမဲ့ခုတော့ တိုက်ပွဲစတင်ဖို့အချိန်ကျပြီ … ချစ်စရာကောင်းတဲ့အိုမီဂါလေးနဲ့သားလေးအတွက် ဖခင်တစ်ယောက်ရဲ့ မိသားစုအတွက်တိုက်ပွဲ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now