" ငါဒီနေ့ ဧည့်သည်တွေကို တွေ့နိုင်မယ်မထင်ဘူး … ယု ဒီပွဲကို  ငါနင့်လက်ထဲကို အပ်လိုက်မယ် "

" ဒါကဘာလုပ်မို့လဲ … ပွဲကနေထွက်သွားမို့လား … မကြာခင်စတော့မှာလေ "

" ငါ့မှာအရေးကြီးတဲ့ကိစ္စတစ်ခုပေါ်လာပြီ … ငါသံသယရှိသူကို စစ်ဆေးဖို့လိုအပ်တယ် "

ရှန်ဝေက ချူးရှန့်အနားသို့လျှောက်သွားရင်း သူ့ဘေးကအစောင့်ထံမှာအရန်သင့်ဆောင်ထားတဲ့လက်ထိပ်ကိုယူကာ ချူးရှန့်လက်တစ်ဖက်ကိုခပ်လိုက်ရင်း ကျန်တစ်ဖက်ကို သူ့လက်အား ခပ်လိုက်တယ် … အချေအနေကိုစောင့်ကြည့်နေကြသည့်လူတွေကလဲ အရာရှိကိုသွားရန်စမိ၍ လက်ထောက်ချူးအဖမ်းခံလိုက်ရပြီဟုထင်နေကြလေတယ် …

" အကို ကျွန်တော်နဲ့လိုက်ခဲ့ "

" မင်း … မင်းငါ့ကို ဘယ်ခေါ်သွားတာလဲ … ငါမင်းနဲ့စာရင်းရှင်းစရာရှိတယ် … ခုလွှတ် "

ချူးရှန့်က သူအဖမ်းခံလိုက်ရမှန်းလဲသိရော ရှန်ဝေလက်ကနေအတင်းရုန်းထွက်နေပေမဲ့ အချည်းနှီးသာ … ရှန်ဝေက သံသယရှိသူဟုခေါင်းစဉ်သပ်ကာ ချူးရှန့်အား လူလည်ခေါင်ကနေ အပြင်သို့ ဆွဲထုတ်လာနိုင်ခဲ့တယ် … နောက်ဆုံး ကားတစ်စီးပေါ်တင်ကာ တစ်နေရာသို့ မောင်းထွက်သွားလေတော့တယ် …

အဆောက်အဦးရဲ့တစ်နေရာမှာတော့ ရှန်ဖန်းဂူနဲ့ မင်းယွီဟာအတူရှိနေပြီး ထိုအဖြစ်အပျက်တွေကို သူတို့မတွေ့ရှိလိုက်ရ၍ တည်ငြိမ်စွာပင် ရှိနေကြတယ် … ဒီပွဲက အဆင့်အတန်းမြင့်သူတိုင်းတက်ရောက်ကြ၍ သူတို့ရဲ့ဟော်မုန်းတွေက ဆွဲဆောင်မှုရှိပေမဲ့ ဖန်းဂူအတွက်ကတော့ ခံနိုင်ရည်မရှိပေ … ဒါကြောင့်မို့လဲ သူ့ရဲ့အိုမီဂါကိုခေါ်ပြီး လူရှင်းသည့်နေရာမှာအတူတကွနေနေချင်းပင် …

" ယွီလေး … ဒီနားကိုလာ "

မင်းယွီက ပတ်ဝန်းကျင်ရဲ့ဆွဲဆောင်မှုကြောင့် ဖန်းဂူကိုမစောင့်ပဲ လှပသည့်အပျော်တမ်းကစားရသည့်ပွဲလေးတွေထံငေးနေချင်းပင် … အဆောက်အဦးအတွင်းမှာ အပန်းဖြေစားသောက်ရန်နေရာများရှိပြီးအပြင်မှာတော့အမှတ်တရလက်ဆောင်ရယူရန်ကစားရသည့်ပွဲလေးတွေထားရှိပေးထားချင်းပင် … ဖန်းဂူအမိန့်ကြောင့် မင်းယွီချက်ချင်းပဲဖန်းဂူနဘေးကိုရောက်လာခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now