" ကျန်းရှန်ဝေ မင်းငါ့အနားကိုချဉ်းကပ်တာက ရှန်ဟွှာအမှုကိုထုတ်ဖော်ဖို့အတွက်လား … အစကတည်းက မင်းကမျက်နှာဖုံးစွပ်ထားပြီး ငါ့ကိုလိမ်ညာခဲ့တာပေါ့ … မင်းငါ့ကိုအဲ့လိုလုပ်ရဲတယ် … ငါမင်းကိုခွင့်မလွှတ်ဘူး "

ချူးရှန့်ရဲ့အသံတွေက ဒေါသများနှင့်ဝမ်းနည်းမှုတို့ရောယှက်ကာ သူ့ရဲ့မျက်နှာထားက ခန့်မှန့်ရခက်လှတယ် … ရှန်ဟွှာမှာနေပြီး ရှန်ဖန်းဂူလက်အောက်မှာအလုပ်လုပ်လာတဲ့တစ်လျှောက် ချူးရှန့်ဘဝမှာ ဘယ်သူ့ရဲ့အရူးလုပ်ချင်းကိုမှမခံဖူးခဲ့ရသလို ဘယ်လူတစ်ဦးတစ်ယောက်ကိုမှထိုမျှလောက်မယုံကြည်ခဲ့ရဘူး … ခုတော့ သူသနားဂရုဏာကြီးစွာစောင့်ရှောက်ပြီးယုံကြည်ခဲ့တဲ့လူငယ်က သူ့ရဲ့သခင်နဲ့သူစောင့်ရှောက်နေတဲ့အိမ်တော်အတွက် အန္တရာယ်ကြီးမာလှသည့်လူတစ်ယောက်ဖြစ်နေချင်းက သူ့ရင်ဘက်ထဲဗုံးတစ်လုံးပေါက်ကွဲသွားသလိုပင် ခံစားချက်တွေအစိတ်စိတ်အမွှာမွှာကွဲကြေသွားလေတော့တယ် …

ထိုစဉ် အနက်ရောင်ကုဒ်အရှည်ကို ပေါင်လည်သာထိတဲ့ဘောင်းဘီတိုလေးနဲ့ဝတ်ဆင်ထားကာ ဆံနွယ်တို့အားအထပ်သို့ပင့်မြှောက်ကာစည်းနှောင်ထားတဲ့ ဆွဲဆောင်မှုရှလှသည့်အမျိုးသမီးတစ်ဦးရောက်လာပြီး သူမက ရုတ်ရုတ်သဲသဲဖြစ်နေသည့်လူအုပ်ကြားထဲတိုးဝင်လာခဲ့တယ် … သူမက ယုယွမ်ပင် …
သူမက ရှန်ဝေကိုမြင်တော့ အပြုံးလေးနဲ့ လှမ်းကာ နှုတ်ဆက်လိုက်တယ် …

" ဝေကောကော … ဒီမှာဘာလုပ်နေတာလဲ … မကြာခင်အထူးဧည့်သည်တွေရောက်လာမယ်ပြောတယ် … ခုပဲ … အယ် "

သူမက ရှန်ဝေကိုပြောနေရင်း ရှန်ဝေအရှေ့က မျက်နှာမကြည်မသာနဲ့ ရှုတ်ထွေးကာ ဒေါသအမိုက်မှောင်ဖုံးနေတဲ့ ချူးရှန့်ကိုမြင်သွားပြီး စကားကိုရပ်ကာ နှုတ်ဆက်လိုက်တယ် …

" ကောကောလဲရောက်နေတာပဲ … ဒါပေမဲ့ ဘာလို့ …  "

သူမကဆက်မမေးတော့ပဲ မျက်နှာမကောင်းတဲ့ ချူးရှန့်နဲ့ရှန်ဝေကိုကြည့်ပြီး စကားတွေကိုရပ်တန့်လိုက်တယ် … ချူးရှန့်က သူမကိုမြင်တော့ ဝမ်းနည်းမှုတို့ကပိုတိုးလာသလိုပင် … ဘာကြောင့်မှန့်မသိ အရှေ့မှာရပ်နေတဲ့ခန့်ညားပြီးချောမေားတဲ့ကောင်လေးနဲ့သူမက လိုက်ဖက်ညီလွန်းလှပြီး တိမ်ငယ်မှုတို့နှင့်အတူ သူ့ကိုယ်သူလှည့်စားခံရတာတွေပြန်တွေးမိရင်း လူကြားထဲမှာမပေါက်ကွဲမိအောင်စိတ်ကိုမနည်းထိန်းနေရတယ် … ထိုစဉ်ရှန်ဝေက သူမအားလှည့်ပင်မကြည့်ပဲ ဖြေဆိုးလိုက်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now