အပိုင်း၅၅

Start from the beginning
                                    

    'သူ့အဖေက လူမှုရေးဖောက်ပြန်နေတဲ့ စာရိတ္တမကောင်းတဲ့လူ'

    'သူနဲ့မပေါင်းနဲ့'

    'ခေတ်သစ်အဇာတ်တသတ်'

    Easy come, easy go, will you let me go?

    (Bismillah! No, we will not let you go)

    (Let him go!) 

    Bismillah! We will not let you go

    (Let him go!) 

    Bismillah! We will not let you go

    (Let me go) 

    Will not let you go

    Never let you go

    Let me go (oh, oh, oh)

    No, no, no, no, no, no, no

    တစ်ဆင့်ထက်တစ်ဆင့် မြင့်လာသည့် သီချင်း၏ အသံနှုန်းနှင့်အတူ သူ့အသက်ရှူသံတွေလည်း မြန်ဆန်လို့လာသည်။ သီချင်းထဲကအတိုင်း သူ့ခန္ဓာထဲတွင် စိတ်နှစ်ခုက အပြိုင်လွန်ဆွဲလို့နေသည်။

    တစ်ယောက်လောက် အဲဒီသီချင်းသံကို ပိတ်ပေးကြပါ။

    သူ သည်းမခံနိုင်စွာဖြင့် နားနှစ်ဖက်ကို အထိတ်တလန့် ပိတ်ထားမိသည်။ သို့သော် အချည်းနှီးသာ။ သီချင်းသံအား မပြီးဆုံးမချင်း သူ့နားထဲတွင် ကြားနေရပါ၏။

    Oh, mamma mia, mamma mia

    Mamma mia, let me go

    Beelzebub has a devil put aside for me, for me, for meee!!

    နောက်ဆုံးတော့ ခြောက်ချားဖွယ်ရာ Opera အပိုင်း ပြီးဆုံးလို့သွားချေပြီ။ ထိုအခါမှ သူလည်း အသက်ရှူချောင်လို့သွားသည်။ Queen ၏ လက်စွမ်းပြ တီးခတ်သံက အစောက Opera သီဆိုသံအစား နေရာယူသွားသည်။ 

    သီချင်းက တဖြည်းဖြည်း လွှမ်းမိုးလာသော ဂစ်တာသံများအား အဖော်ပြု၍ ဖရက်ဒီမာကျူရီ၏ မာန်ပါသော hard rock အဆိုပိုင်းသို့ ကူးပြောင်းလာခဲ့ပြီ။ သို့သော် တခြားသီချင်းတွေနှင့် ကွဲပြားစွာ... သီချင်းတစ်ပုဒ်၏ အဓိက အင်္ဂါရပ်ဟု ဆိုနိုင်သော Chorus ပိုင်း မပါသော်ငြား ခြောက်မိနစ်မျှရှည်ကြာသော Bohemian Rhapsody သည် ဤမျှနှင့် မဆုံးသေးပါ။ 

    သီချင်းစာသားတစ်လုံးစီတွင် အဓိပ္ပါယ်တို့ ပြည့်နှက်၏။ သံစဉ်တစ်ခုချင်းစီက မှော်ဆန်၏။ သီချင်းအဓိပ္ပါယ်အား မြင်သာသလို အဓိပ္ပါယ်ဖွင့်ရလျှင် လူငယ်တစ်ယောက်က လူသတ်မှုကြောင့် သူ့အသက်အစားပြန်ပေးရတော့မှာဖြစ်လို့ မိခင်ကို နှုတ်ဆက်သည့်အကြောင်းဟု ပြောရနိုင်သည်။ ထိုသည်မှာ အကြမ်းဖျင်းသာ။ ဤသီချင်းတွင် လူငယ်၏ ထိတ်လန့်ကြောက်ရွံ့မှုများ... နောင်တတရားများကို နက်နက်နဲနဲ ခံစားလို့ ရနိုင်သည်။ ထို့အပြင် အမှောင်ထဲက ခေါ်သံများ... နတ်ဆိုးများ...။

ရင်ကွဲငှက်ငယ်Where stories live. Discover now