အပိုင်း၅၅

Start from the beginning
                                    

    ဖရက်ဒီမာကျုရီ၏ မှော်ဝင်နေသော သီချင်းသံဝယ် သူ့စိတ်အစုံသည် မြောက်တက်လိုက် ပြန်ပစ်ကျလိုက်နှင့် လွင့်မြောနေသည်။

    Mama...

    I don't want to die,

    I sometimes wish I'd never been born at all.

    'ကျွန်တော် မသေချင်ဘူး အမေ... တစ်ခါတလေ အစကတည်းက မွေးဖွားမလာခဲ့ရင် အကောင်းသားလို့ တွေးမိတယ်'

    ထိုသီချင်းထဲက စာသားလို သူလည်း တွေးမိတာပဲ။ သူ့အတွက်က တစ်ခါတလေတောင်မဟုတ်... အဲဒီ့အတွေးက သူ့ရုပ်နာမ်မှာ အမြဲတမ်း ကြီးစိုးနေတာ။ ငါသာမွေးဖွားမလာခဲ့ရင်... ဘာအရသာကိုမှ သိစရာမလိုဘူး။

    သူအတွေးတို့ ပျံ့ဝဲနေစဉ်...

    I see a little silhouette of a man

    Scaramouche, scaramouche, will you do the Fandango?

    မြန်ဆန်လာသော စည်းချက်နှင့်အညီ Bohemian Rhapsody ၏ Operatic section က အစချီလာခဲ့သည်။ သီချင်းသံသည် မူလ ballad ပုံစံတုန်းကလို တစ်ယောက်ယောက် ဖွင့်ထားသဖြင့် အဝေးမှ ကြားနေရသည်မျိုးမဟုတ်တော့။ Opera ဆိုသည့်အတိုင်း သူ့အနားတွင် လူအများလာစု၍ ဝိုင်းဆိုနေကြသလိုမျိုး အုံခဲလာသည်။ 

    Thunderbolt and lightning, very, very fright'ning me.

    အပြင်ဘက်တွင်လည်း တဂျိန်းဂျိန်း အော်မြည်နေသည့် မိုးခြိမ်းသံများနှင့် တလက်လက် ဝင်းထနေသည့် လျှပ်စီးများ...။ သူကြောက်သည်။ တကယ်ကြောက်ပါသည်။

    (Galileo) Galileo

    (Galileo) Galileo

    Galileo, Figaro

    (Magnifico)

    သီချင်းက တဖြည်းဖြည်း ခြောက်ချားဖွယ် ကောင်းအောင် မြိုင်လာ၏။ Galileo ဟူသော အသံက ပဉ္စလက်ဆန်ဆန် အနိမ့်အမြင့်တွေနှင့် သူ့ကို ကလူကျီစယ်သည်။

    I'm just a poor boy, nobody loves me

    (He's just a poor boy from a poor family)

    (Spare him his life from this monstruosity)

    နံရံထဲမှ သီချင်းစာသားတွေက သူ့အတိတ်တွေကို သွေးပြန်စိုလာအောင် တူးဆွနေသလိုမျိုး။ 

    'အထည်ကြီးပျက်ကောင်'

    'သူ့အမေက သူ့ကို ထားခဲ့တာလေ'

ရင်ကွဲငှက်ငယ်Where stories live. Discover now