"နှင်းပန်းပွင့်! နှင်းပန်းပွင့်!"

_____/\_______/\_______

မျက်လုံးကိုဖွင့်လိုက်တော့ ဆေးရုံခန်းထဲကိုရောက်နေ၏။
လက်မှာလည်းဆေးပိုက်တန်းလန်းနဲ့

"ပင်ပန်းပြီးအားနည်းသွားလို့မူးလဲသွားတာပါ အားဆေးသွင်းပေးထားတယ်နော်"

"ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ"

ပြန်‌ဖြေတဲ့သူက မင်းမြတ်။

‌"သတိရလာပြီလား"

"ဒေါ်လေးမုံ! ဒေါ်လေးမုံရောဟင်"

"ရှိတယ်"

"ဒေါ်လေးမုံ ဘာမှမဖြစ်ဘူးမလားဟင်"

"အင်း ဘာမှမဖြစ်ဘူး ခွဲစိတ်တာအောင်မြင်တယ်"

"တော်ပါသေးတယ် ကျွန်မဒေါ်လေးမုံကိုသွားတွေ့ချင်တယ်"

"မင်းရရဲ့လား"

"ရပါတယ်"

"အဲ့ဒါဆိုလည်း သွားတွေ့လေ"

"အင်း"

_____/\_______/\_______

အခန်းထဲဝင်လိုက်တော့ ‌ဆေးပိုက်တွေအောက်ဆီဂျင်ပိုက်တန်းလန်းတွေနဲ့ဒေါ်လေးမုံ။

"ခွဲစိတ်တာတော့အောင်မြင်ပါတယ် ဒါပေမယ့်သတိရဖို့တော့ ခက်ခဲမယ်"

"အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးမလား ဆရာ"

"ဒါတော့မပြောနိုင်သေးပါဘူး အ‌ခြေအနေကိုစောင့်ကြည့်ရမှာပေါ့ ဒါပေမယ့်ကိုမာအနေအထားဖြစ်ဖို့များတယ်"

"ကိုမာ! ကိုမာဆိုရင်သတိမရတော့ဘဲနဲ့လဲနေတာကိုပြောတာမလား"

"ဟုတ်ပါတယ်"

နှင်းမျက်ရည်တွေမထိန်ထားနိုင်တော့အားရပါးရသာငိုချပစ်လိုက်တော့သည်။

"ဒေါ်လေး ဒါတွေအကုန်လုံးသမီးကြောင့်ဖြစ်ရတာပါ သမီးတောင်းပန်ပါတယ်ဒေါ်လေးရယ်"

ခုတစ်ခေါက်မှာတော့မျက်ရည်တွေနဲ့ကောင်မလေးကိုနှစ်သိမ့်ကာဖက်ထားပေးမယ့်နွေးထွေးတဲ့ရင်ခွင်ငယ်တစ်ခုရှိမနေတော့။
---

"ကိုမာတဲ့လား"

"ဟုတ်ပါတယ် Boss"

မင်းမြတ်စိတ်မကောင်းပေမယ့်လည်းမတတ်နိုင်

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Donde viven las historias. Descúbrelo ahora