သူစံအိမ်လေးသည် မြေအောက်ခန်းတွေ ၊ စတိုခန်းတွေ အများကြီးရှိတဲ့ ရှေးကျတဲ့ စံအိမ်မျိုးဖြစ်သည်။
ထိုကောင်လေးကို အစက မြေအောက်ခန်းမှာ ပိတ်လှောင်ထားပေမယ့် သူမှားခဲ့မိပြီးနောက်နေ့ တနည်း ကောင်လေး အဖျားကြီးတဲ့နေ့ကစပြီး သူအခန်းပြောင်းထားခဲ့မိတော့သည်။

ဂျောင်ဟိုဆော့ဆိုသောသူကို မုန်းတီးပြီး
သူခံစားရသလို ပြန်ခံစားရအောင် လို
ထိုကောင်လေးကို ဓားစာခံအနေနဲ့ သာ ထိုကောင်လေးကို ဖမ်းခေါ်လာခဲ့ခြင်းကြောင့်လားမသိ ထိုကောင်လေးအပေါ်
အခုတလော သနားစိတ်တွေ ဝင်မိလာနေသည်။

ဒီလိုဖြစ်မိရင် သူရည်ရွယ်ချက်တွေ ပျက်စီးကုန်မှာလဲ သူသိလျက်နဲ့။

"မင်းက ဘယ်လို့လုပ်ပြီးး!!!"

"ကိုယ်ကောင်လေးကို ပြန်စစ်ဆေးဖို့လေ ၊ "

ဒီကောင်းလေးအကြောင်းကို သိတဲ့ တဦးတည်းသောသူ
တနည်း ဒေါက်တာ လီယွန်းဂျယ်။
သူစံအိမ်လေးသို တဖန်ပြန်ရောက်လာခဲ့သည်။

အာ့နေ့က သူအရမ်းစိတ်ပူပြီး ယုံကြည်ရဆုံးလူဖြစ်တဲ့
ဒေါက်တာစဉ်းစားတော့ ယွန်းဂျယ်ကိုသာ ခေါင်းထဲပေါ်လာသည်။

"ဟိတ်ကောင် ထယ်ယောင်း တံခါးမဖွင့်ပေးဘဲ ဘာလုပ်နေတာလဲ? "

"ဪ အေး!!!"

"ဒါနဲ့ သူကိုဘယ်အချိန်ထိ မင်းအခုလို ပိတ်လှောင်ထားမှာလဲကွာ ၊ သူကဘာအမှားမှလဲမလုပ်တာဘဲ!!"

"ငါ အညိုးတွေကျေတဲ့အထိ!!"

"မင်းတကယ်ပဲ ဟူးးးး
ငါလဲ မင်း‌ကြောင့် ‌ဒေါက်တာတယောက်ဖြစ်ပြီး ဘာတွေလုပ်နေမိမှန်းမသိတော့ဘူး!!! "

ယွန်းဂျယ်ကိုဘာမြှပန်မဖြေဘဲ တံခါးလေးကိုသာဖွင့်ပေးမိ‌လိုက်တော့ ခေါင်းတခါခါနဲ့ ယွန်းဂျယ်တယောက်အရင်ဝင်သွားတြော့မှ သူလိုက်ဝင်လာမိသည်။

"ဒီကြိုးတွေလဲ ဖြေစမ်း ထယ်ယောင်းး!!"

ယွန်းဂျယ်စကားကိုသူဂရုမစိုက်ဘဲ‌နေတော့ ယွန်းဂျယ်ကပဲ
ဆေးအိတ်ထဲက ကတ်ကြေးလေးထုပ်ကာ ကောင်းလေးပါးစပ်ကပိတ်ထားတဲ့ ကြိုးတွေနဲ့ လက်နဲ့ ခြေထောက်က ကြိုးတွေကိုဖြေပေးလိုက်သည်။

C A G E☑️Complete Where stories live. Discover now