"လန်ပေါ်လေးကို ချစ်လားရင်း "

သူ့အမေးကို ရင်းက သဘောကျစွာပြုံးလိုက်ပြီး 

"ချစ်တာပေါ့ လန်ပေါ်လေးက ကျနော်တို့ သားလေးပါဆို "

ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ ဖြေနေပုံလေးကြောင့် လီဟွန်းမျော်လင့်ချက်အပြည့်နဲ့ သူအဓိက သိချင်တဲ့ အကြောင်းအရာလေးဆီ

"လန်ပေါ်က ကိုယ်နဲ့တစ်ပုံစံတည်းတူတဲ့
လူဆိုးလေးအဖြစ်ပြောင်းပြီး
ရင်းကို အရှင့်လက်ထဲက လုယူမယ်ဆိုရင်ရော ချစ်အုံးမှာလား "

ဒီတစ်ခါတော့ ခေါင်းလေးခါရမ်းကာ

"အရှင့်နဲ့ ကျနော့ကို ခွဲတဲ့သူဆို ကျနော်အရမ်းမုန်းမှာ လန်ပေါ်လေးဆိုရင်တောင် ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး
အရှင်က ကျနော်ချစ်မိတဲ့ တစ်ဦးတည်းသောသူ ကျနော့ရဲ့လူကြီး
အရှင်နဲ့ ရုပ်တူလည်း အရှင်မဟုတ်ရင်
ကျနော် မချစ်ဘူး "

လေးလေးနက်နက်​နဲ့​ဖြေနေတဲ့ ရင်းရဲ့ အဖြေတွေကို လီဟွန်းဆက်နားမထောင်နိုင်တေတာ့တာမို့
နှုတ်ခမ်းချင်းထိကပ်လိုက်တယ်
အကိုတော်ကို အရမ်းချစ်တာပဲလားရင်း
အကိုတော်ဆီက လုယူမယ်ဆိုရင် ရင်းက ကိုယ့်ကိုယ် အရမ်းမုန်းသွားမှာပေါ့
နမ်းနေရင်းကောင်လေးတစ်ယောက်က ပါးပြင်ပေါ်မျက်ရည်တွေကျဆင်းနေပြီး
ကောင်လေးတစ်ယောက်ကတော့ ဝိုင်မူးကာ
အိပ်ပျော်သွားလေရဲ့

လီဟွန်း နမ်းနေတာကို ဖယ်လိုက်တော့ ရင်ခွင်ထဲပြိုဆင်းလာသူလေးကြောင့် အဆောင်တော်ထဲက အိပ်ဆောင်သို့ပို့ပေးလိုက်ပြီး သူကတော့
မက်မွန်ပင်အောက်လေးမှာ တစ်ယောက်တည်းသောက်နေသူ
ပါးပေါ်ကျဆင်းနေတဲ့ မျက်ရည်တွေလည်းမသုတ်​မိဘူး

အားလျန်က သခင်ငိုတာ အခုမှမြင်ဘူးတာကြောင့် ဝမ်းနည်းပြီး အဆောင်အကွယ်လေးမှာ ထိုင်ငိုနေသလို

အိပ်နေသူလေးရဲ့ အိမ်မက်ထဲမှာလည်း သူ့လူကြီးက အရမ်းဝမ်းနည်းနေလို့ အိပ်နေသူလေးပါ မျက်ဝန်းတွေ စိုစွတ်နေတယ်

ထိုနေ့က အချစ်နတ်ဘုရားရဲ့ အဆောင်တော်တစ်ဝိုက် ဝမ်းနည်းရိပ်တွေသာ လွှမ်းခြုံနေခဲ့တယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now