"မသွားတော့ဘူးလို့ဆုံးဖြတ်ရင်ရတယ်မလားbabe...အဲ့ဒါကလွယ်ပါတယ်မသွားသင့်တဲ့နေရာပဲလေ"

"ဂျွန် ကျွန်တော်ကလူငယ် ပြီးတော့ယောက်ျားလေး ကျွန်တော်ပေါင်းသင်းတဲ့သူငယ်ချင်းတွေလည်းရှိသေးတယ်အမြဲမဟုတ်ရင်တောင် တကယ့်ကိုတစ်ခါတစ်လေရောက်သွားတာမျိုးရှိခဲ့ရင် ဟိုညကလိုကျွန်တော်တို့စကားများကြရလိမ့်မယ် ကြိုမသိနိုင်တဲ့ အဲ့အချိန်တွေအတွက်ကာကွယ်တဲ့အနေနဲ့ ကတိမပေးနိုင်ဘူး အဲ့အစားတကယ်ဆင်ခြင်မှာပါ"

"ကိုယ်ပြောတာကclubပဲလေ.....
သွားပြီဆိုထဲကရန်ဖြစ်ဖို့ရာခိုင်နှုန်းက ၇၅ အထက်မှာကွာ ပြီးရင်ထိန်းနိုင်ကြမှာမဟုတ်ဘူး ဘာလို့၃/၄နာရီလောက်ပျော်ပါးရဖို့ကို ရှေ့ဆက်လျှောက်ရမယ့်အနာဂတ်တွေဘဝတွေနဲ့လဲချင်နေရတာလဲ...ကိုယ်ကျန်တဲ့အချိန်တွေမှာbabeကိုကြိုက်သလိုနေခွင့်ပေးထားတာပဲ"

"ဆင်ခြင်မှာပါ"

"မဟုတ်ဘူးထယ် မသွားသင့်တာ မင်းအဘိုးတွေမင်းမိဘတွေရောတားနေတာ မင်းကိုစိုးရိမ်လို့ဆိုတာ သိစမ်းပါ"

ဂျောင်ဂု စိတ်တိုလာတာနဲ့အော်လိုက်မိသည်။ဆင်ခြင်ပါ့မယ်အစားမသွားတော့ဘူးလို့ပြောတာကိုသာလိုချင်ခဲ့တာ။

"ဂျွန်ကရော ဘာလို့တားနေတာလဲ ကျွန်တော်ကဒီတိုင်းလူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းဆိုတဲ့ နေရာကိုရောက်လာလို့ ပြုပြင်ပေးနေတာလား
အမြဲတမ်း မင်းတစ်ခုခုဖြစ်ရင်မင်းမိဘတွေငါ့ကိုဘာပြောမလဲဆိုတာပါနေကြ
ဂျွန်က စိတ်မပူတက်ဘူးလား ပြီးတော့ဝန်ထမ်းတွေကိုအမိန့်ပေးသလိုမျိုးလာမပြောနဲ့ ကျွန်တော်ကလူ ဂျွန်ရဲ့အရုပ်မဟုတ်ဘူး"

"မင်းစေတနာကိုစော်ကားတာပဲ
ထယ်ယောင်း မင်းနဲ့ငါကအတူရှိနေလို့ဘာကိုမှမမြင်တော့တာလား မင်းအဘိုးအိမ်ပြန်လိုက်တော့ ခဏဝေးနေပြီးမင်းသေချာစဉ်းစားပြီးမှကိုယ်လာခဲ့မယ် အဲ့အချိန်တွေမှာမင်းကြိုက်တာဆုံးဖြတ် ကိုယ်လက်ခံပေးမယ်"

ထယ်ယောင်းရပ်သာကြည့်နေမိတော့သည်။အံ့ဩတာရောဝမ်းနည်းသွားတာရောကြောင့်ဘာလုပ်ရမှန်းမသိတော့။ခုနကထိအကောင်းတိုင်းပျော်ရွှင်စွာရယ်မောနေကြတာ အခုလိုဖြစ်သွားတဲ့ပြသနာကတော်ရုံမဟုတ်ခဲ့မှန်းလက်ခံနိုင်အောင်ကြိုးစားနေရသည်။သူအတက်နိုင်ဆုံးကိုသာပြောခဲ့တာပဲလေ။ပေးတဲ့ကတိပျက်ရင်ပိုဆိုးသွားမှာစိုးလို့ပြောခဲ့မိတာ။ပြီးတော့ကိုယ်ကbabeကိုစိတ်ပူတာပေါ့ဆိုပြီး ပြောလိုက်ရင်ပြီးသွားတာပဲမဟုတ်လား။အခုကတစ်ယောက်ထဲဒေါသတွေထွက်နေပြီး အိမ်ပြန်ခိုင်းတဲ့အထိ။ဘာ...ခဏဝေးနေကြမယ်တဲ့။ထယ်ယောင်း
ဂျောင်ဂုမျက်နှာကိုစေ့စေ့ကြည့်ရင်းတစ်ဖက်ခန်းကပစ္စည်းတွေသိမ်းရန်ထွက်လာခဲ့လိုက်သည်။

 Simplicity of love √Completed √Where stories live. Discover now