Part 18

1.6K 69 23
                                    

တစ်ဖြည်းဖြည်းနီးကပ်လာတဲ့ မြင်းခွာသံကြောင့် ရိပေါ်စိတ်လှုပ်ရှားလာလေပြီ။ ရထားလုံးလဲ လျှောက်လမ်းရဲ့ပစမှာ ရပ်လာတော့ ရိပေါ်စိတ်လှုပ်ရှားကာ လှည့်ကြည့်မိတော့ ကျိုးချန်သည် ရထားလုံးက ရထားလုံးနားကိုချဉ်းကပ်သွား ရထားလုံးပေါ်မှ ဆင်းလာသူအလှလေးရဲ့ မျက်လုံးမှ စည်းနှောင်ထားတဲ့ ပုဝါကိုဖြည်ပေးလိုက်သည်။

အလှလေးကတော့ ပွဲအပြင်အဆင်ကိုကြည့်ပြီး နောက်ထပ်သတို့သားတစ်ယောက်ကို ကြည့်နေသည်။ မျက်ဝန်းများထဲတွင်တော့ ၀မ်းသာခြင်း အံ့ဩခြင်း များနှင့်ပြည့်နှက်နေပြီး မျက်ရည်များလည်းဝေ့သီနေပြီး လက်ထဲမှကိုင်ထားသည့် ပန်းစီးကိုကြည့်ပြီး နောက်လက်တစ်ဖက်က ခေါင်းမှဆောင်းထားသည့် flower crownလေးကိုကိုင်ကြည့်နေသည်။ နောက်ပြီး အံ့အားသင့်နေပြန်သည်။

ထို့နောက်ထိုအလှလေးသည် နောက်ထပ်သတို့သား ရှိရာသို့ သူငယ်ချင်းဖြစ်သူကျိုးချန်ရဲ့ လက်ကိုတွဲပြီးလျှောက်လာလေသည်။

ထိုသတို့သားလေးရဲ့အရှေ့မှလည်း မျန်မျန်နှင့် ချန်ကျိုးရွှမ်တို့က လှပသည့်ဂါဝန်ကိုဝတ်ပြီး နှင်းဆီပန်း အဖြူ‌ရောင်တို့ကို ထိုအလှလေးရဲ့ သွားရာလမ်း၌ပျြဲ့ကဲစေသည်။

ထိုအခမ်းအနားမှာလည်း သဲတွေအပေါ်မှာ မြက်ခင်းအတုကိုလဲခင်းထားသေးသည်။ ထိပ်မှာရပ်နေသည့် သတို့သားလေးမှာလည်း ချစ်ရသူသတို့သားလေးအား မျက်လုံးများကြွတ်ကျမတတ် ကြည့်နေသည်။ ထိပ်သို့ရောက်သော် ကျိုးချန်သည် ရှောင်ကျန့်၏လက်ကို ရိပေါ်ထံသို့ လွှဲပေးလိုက်သည်။

ထိုအခါ ဖာသာသည် ရိပေါ်အား

"ဒီကသတို့သားက ဒီဘက်ကသတို့သားကို တစ်သက်လုံးခင်ပွန်းအဖြစ်လက်ခံပါသလား"

"Yes,I do"

"ဒီဘက်ကသတို့သားကရော ဒီသတို့သားအား တစ်သက်လုံး..."

"Yes,I do"

ဖာသာ၏ စကားမဆုံးခင်ရှောင်ကျန့်က ဖြတ်ပြောလိုက်သည်။ ထို့နောက် ဖာသာကပဲ ဆက်ပြီး

"သတို့သားချင်း အနမ်း....."

ရိပေါ်သည်လည်း ဖာသာ၏စကားဆုံးအောင်ပင်နားမထောင်တော့ပဲ ရှောင်ကျန့်၏ နှုတ်ခမ်းလေးအား မိမိနှုတ်ခမ်းနှင့် ထပ်တူကျစေသည်။

You've reached the end of published parts.

⏰ Last updated: Jan 18, 2021 ⏰

Add this story to your Library to get notified about new parts!

My Love Is My BFFWhere stories live. Discover now