ရိပေါ်တို့အိမ်ပြန်ရောက်တော့ ထမင်းသုပ်ကို ရိပေါ်ကသုပ်ပြီး ရှောင်ကျန့်က ခွံ့ကျွေးဆိုလို့ ခွံ့နေသည်။
"သည်းငယ် မင်းသိလား"
"ဟင့်အင်း မသိဘူး"
"သည်းငယ်"
"အေးပါအေးပါ ဘာပြောမှာလား"
"သည်းငယ်ကိုလေ ကိုယ်ကအရမ်းချစ်တယ်ဆိုတာ အာ"
လို့ပြောပြီး ထမင်းသုပ်တစ်လုပ် ခွံကျွေးလိုက်သည်။ ရှောင်ကျန့်ကလည်း စားပြ်ီး
"မင်းမှာ တစ်ခြားပြောစရာ မရှိဘူးလား"
"ဖြစ်နိုင်ရင် ကိုယ်ကမင်းကို စက္ကန့်တိုင်းပြောချင်တာ"
"ဒါတော့ပိုသွားပြီး ဆရာဝမ်ရယ်"
"ကိုယ့်ကို မယုံဘူးလား"
"Cool guyကြီးက တစ်ချိန်လုံးငါကို ပြောနိုင်မှာတဲ့လား"
"တစ်ခြားသူတွေနဲ့ ကိုယ့်ရဲ့ သည်းငယ်က တူပါ့မလား"
"ဟုတ်ပါပြီ ဆရာဝမ်ရယ် ငါ့ကိုခွံ့ကျွေးအုံး"
"အွန်း အာ"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ခွံ့ကျွေးရင်း ရိုနေကြချိန် ရှောင်ကျန့်၏ဖုန်းက ထမြည်လာသည်။ ကြည့်လိုက်တော့ ၀မ်ကျိုးချန်ဖြစ်နေသည်။
"ဝေ့ ပြောကျိုးချန်"
"....."
"အာ အေး လာလေ"
"....."
"၀မ်ကျိုးချန် ငါ့ကိုလာစမနေနဲ့ ဒါပဲ ဟေ့ကောင်"
ဟုပြေပြီး ဖုန်းချလိုက်ကာ ရိပေါ်အား ကြည့်ပြီး သွားဖြီးပြလိုက်သည်။ ရိပေါ်ကလည်း
"ဘာပြောလို့လဲ"
"ကျိုးချန်တို့က ဒီကိုလာမယ်တဲ့"
ဝမ်ရိပေါ်က မျက်မှောင်ကျုပ်လျက် ပြန်ပြောသည်။
"ဘာလာလုပ်မို့လဲ"
"ဟီး...ငါတို့ကို ဂုဏ်ပြုဖို့တဲ့"
"လာခိုင်းမို့လား"
"အင်း ဒါပေမယ့် မင်းအဆင်မပြေရင်လဲ..."
"ကျန့်သဘော လာစေချင်ရင် လာခိုင်းလိုက်"
YOU ARE READING
My Love Is My BFF
Fantasyငယ်ငယ်ထဲက ခင်မင်လာတဲ့ သူငယ်ချင်းဖြစ်သူရှောင်ကျန့်ကို ချစ်မိသွားတဲ့ ဝမ်ရိပေါ်။ ဝမ်ရိပေါ်ကို ချစ်နေပေမဲ့ ဖွင့်မပြောဘဲ သူငယ်ချင်းဖြစ်သူကို အလွန်ဂရုစိုက်တဲ့ ရှောင်းရှောင်ကျန့်။ မိဘတွေက သူတို့နှစ်ယောက်ရဲ့ စိတ်တွေကိုသိနေတဲ့အခါ ဘယ်လိုတွေ အောင်သွယ်ပေး...