"အခုသူ့ကိုသွားကြည့်လို့ရမလား ဆရာ"
"ရပါတယ်"
ဆရာ၀န်ဆီကခွင့်ပြုချက်တောင်းပြီးတော့ minhyukနဲ့kihyunအတူတူhyungwonရှိတဲ့အခန်းကိုလာခဲ့တယ်
အခန်းထဲမှာတော့ဆေးရုံကုတင်ပေါ်မှာလှဲလျောင်းနေတဲ့hyungwon
Minhyukကုတင်ေဘးကထိုင်ခံုမှာ၀င်ထိုင်လိုက်ပြီး hyungwonရဲ့လက်ကလေးကိုအသာယူလိုက်တယ်။ပြီးတော့ပတ်တီးအဖွေးသားနဲ့လက်ကောက်၀တ်ေလးကိုဖွဖွလေးကိုင်လိုက်ပြီး...
"အရမ်းနာကျင်ခဲ့မှာပဲ...တောင်းပန်ပါတယ် ငါအရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့မိတယ် မင်းရဲ့ခံစားချက်တွေကိုလျစ်လျှူရှုခဲ့မိတယ် ငါမင်းကိုချစ်တဲ့စိတ်နဲ့လုပ်မိလုပ်ရာတွေလုပ်ခဲ့မိတယ် ငါတောင်းပန်ပါတယ်"
သတိမေ့နေတဲ့hyungwonက ေတာ့မကြားနိုင်ေပမဲ့ minhyukက ေတာ့အကြိမ်ကြိမ်တောင်းပန်နေခဲ့တယ်....
"Minhyuk ah အိမ်ပြန်ပြီးအ၀တ်အစားလေးဘာလေးလဲလိုက်ပါလား ငါနဲ့yoonနဲ့hyungwonကိုစောင့်ပေးထားမယ်လေ နော်"
Kihyunပြောတော့minhyukခေါင်းတစ်ချက်ငြိမ့်လိုက်တယ်။အင်္ကျီတစ်ထည်လုံးလဲသွေးတွေနဲ့မြင်မကောင်းတာမို့လို့ ဒီအတိုင်းနေနေလို့တော့အဆင်မပြေဘူးလေ။
"အဲ့တာဆို ငါအိမ်ခဏပြန်လိုက်ဦးမယ် တစ်ခုခုထူးခြားတာနဲ့ငါဆီချက်ချင်းဖုန်းဆက်ပေးနော်"
"အေးပါကွာ ဂရုစိုက်ဦး"
******************************
ဒီနေ့နဲ့ဆိုhyungwonသတိမရတာနှစ်ရက်ရှိပြီ minhyukကတော့အိမ်ကပြန်လာပြီးကတည်းက hyungwonေဘးကနေတစ်ဖဝါးမှမခွာပဲထိုင်စောင့်နေတာ
hyungwonဘာလို့သတိမရသေးတာလဲဆိုပြီးဆေးရုံကလူတွေကိုပြဿနာထရှာလို့ kihyunကလိုက်တောင်းပန်ပေးရသေးတယ်။"Minhyuk ah~တစ်ခုခုစားလိုက်ပါဦး မင်းအိပ်လဲမအိပ် စားလဲမစားနဲ့"
"အခုချိန်မှာငါဘယ်လိုလုပ်စားနိုင်အိပ်နိုင်မှာလဲကွာ hyungwonကဘာလို့ခုထိသတိမရသေးတာလဲ ပြောတော့စိုးရိမ်စရာမရှိတော့ပါဘူးဆို ဆေးအရှိုန်ကြောင့်ဆိုပေမဲ့အခု2ရက်တောင်ရှိနေပြီ ဘာမှမထူးခြားသေးဘူး..."
YOU ARE READING
You are Mine (Complete)
Short Storyမင်းကိုဒီအတိုင်းလွယ်လွယ်နဲ့လွှတ်ပေးမယ်လို့ထင်နေတာလား Lee Minhyuk × Chae Hyungwon