"ဒေါ်လေး တော်ပါတောါ!!!!

ဟိန်းထွက်လာသော သူ၏အော်သံကြောင့် ဒေါ်လေးမျက်နှာ
ပျက်သွားသည်။

"ကျေးဇူပြုပြီး တော်ပါတော့
နဂိုထဲက ရူးတော့မလို ခံစားနေရတာမို့ တော်ပါတော့ !!!

ထိုစကားကိုသာ ပြောပြီး ကားသော့ဆွဲယူကာ အခန်းထဲက ထွက်သွားတဲ့ ဟိုဆော့ကို အဒေါ်ဖြစ်သူ မီယောင်း မသွားဖို့တား
ပေမယ့် လှည်တောင်မကြည့်လာခဲ့ပါ။

" ဂျောင် ဟို ဆော့
အခု တောင် မင်း ဒီလောက် ရူးနှမ်းနေတာ
ဒီစာတွေ ဒီ ပုံ‌တွေသာ မင်းမြင်ရင် ဘာဖြစ်သွားမလဲဆိုတာ ငါမတွေးတက်တော့ဘူး !!!"

သူမလက်ထဲရှိစာအိတ်လေးကို တချက်ကြည့်ပြီး
ခြံအနောက်ဖက်က သစ်ရွက်တွေမီးရှို့နေသည် မီးပုံကြီူထဲ
သူမပြစ်ထည့်လိုက်သည်။

အရင့် အရင် လာထားဖူးသော
ခြိမ်းခြောက်စာများနဲ့ ပုံတွေကိုလဲ သူမ ဒီအတိုင်းလုပ်ခဲ့ပါသည်။

ဆော့ဂျင်ကို တစုံတယောက်က ဖမ်းထားခြင်းခံရတာကို
သူမ သိ‌ခဲ့ပေမယ့် ဘယ်သူကိုမှ အသိမပေးခဲ့ပါ။
အစကထဲက သူတို့မိသားစုထဲ မဝင်လာသင့်တဲ့သူတယောက်ကို အခုလို ဖမ်းထားပေးတဲ့သူကို
ပိုပြီးတောင် ကျေးဇူတင်မိပါသည်။

စာထဲကတောင်းဆိုချက်တွေက
ဟိုဆော့ကို လာတွေ့ဖို့ချိန်းထားတာတွေမို့
လုံးဝ အသိပေးဖို့အစိစဉ်မရှိပါ။

တောင်းဆိုချက်တွေကို လက်မခံလို
ထိုကောင်လေးကို တခုခု လုပ်လိုက်ရင်လဲကောင်းတယ်လို
သူတွေးမိပြန်ပါသည်။

"အစထဲက မင်းက ဟိုဆော့အရှေ့မပေါ်လာသင့်ဘူး
ဆော့ဂျငိ!!!
ဒါဆို မင်းအခုလိုလဲ အချုပ်နှောင်ခံရမှာမဟုတ်ဘူး!!!"

မှောင်ရိပ်ကျနေသော အခန်းတခုထဲတွင် ခြေတွေ လက်တွေတုပ်နှောင်ခံထားရတဲ့ ဆော့ဂျင် ၏ ပုံရိပ်တွေပါတဲ့ ဓာတ်ပုံလေး
တပုံကို သူမတချက်ကြည့်ရင်း မီးပုံထဲပြစ်ချလိုက်သည်။

C A G E☑️Complete जहाँ कहानियाँ रहती हैं। अभी खोजें